အခန်း(၂၆၁+၂၆၂)

1.1K 119 2
                                    

အခန်း(၂၆၁) သစ်ခွပန်းပြပွဲ (၂)

အစောပိုင်းနှစ်များက အိမ်ခြံမြေလောကမှာ သူအောင်မြင်ခဲ့သည်။ အခုတော့ နိုင်ငံတော်တစ်ဝှမ်းလုံးမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံဖြင့် ကုမ္ပဏီများစွာကို သူပိုင်ဆိုင်ထားသည်။

ထိုလူက ဟန်းယွမ်မြို့ဇာတိမဟုတ်ပါ။ ဟန်းယွမ်မြို့မှာ လုပ်ငန်းနဲ့ အိမ်ခြံမြေများစွာရှိတာသာ ဖြစ်သည်။ ထို့ကြောင့် ကျမ့်မိသားစုနဲ့လည်း စီးပွားရေး အဆက်အဆံတချို့ ရှိပါသည်။

သူကလည်း အဘိုးကျမ့်လောက်နီးနီးသစ်ခွပန်းချစ်တတ်သူဖြစ်သဖြင့် နှစ်ယောက်သား ခပ်မြန်မြန်ပဲ ရင်းနှီးသွားခဲ့ကြသည်။

"အဘိုးကျမ့်! ဒီနေ့ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်တော့ ထင်မိသားဗျ!"

"အဘိုးချမ့်! ခင်ဗျားလည်း ရောက်လာတာလား" အဘိုးကျမ့်က ပြောလိုက်ပြီး တစ်ဖက်လူကို အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။

"အင်း ဟုတ်တယ်ဗျ! ဟာဗျာ သစ်ခွပန်းပြပွဲမှာ ခင်ဗျားသားသမီးတွေမြေးတွေ ခင်ဗျားနောက်လိုက်လာကြတာ ကံကောင်းတာပဲ။ ကျုပ်ကတော့ တစ်ယောက်တည်းလာရတာဗျာ။ ကျုပ်သားသမီးတွေကော မြေးတွေကော ဘယ်သူမှ မလိုက်ချင်ကြဘူး"

"မဟုတ်ပါဘူးဗျာ။ ဒီနေ့က ခြွင်းချက်မို့လို့ပါ" အဘိုးကျမ့် ပြုံးကာ ပြန်ဖြေလိုက်ပါသည်။

ဖြစ်ချင်တော့ သူကအမြဲတမ်း သစ်ခွပန်းပြပွဲကို တစ်ယောက်တည်းလာတတ်သူဖြစ်သည်။

သို့သော်လည်း ဒီနေ့တော့ သူနဲ့အတူတူ လူတစ်ယောက်သာ ပိုခေါ်လာဖို့ စီစဉ်ထားခြင်းဖြစ်သည်။ လူပိုတစ်စုလုံး လိုက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သို့သော်လည်း သူ့ကြောင့် လိုက်လာကြတာမဟုတ်မှန်း အဘိုးကျမ့်သိပါသည်။ သစ်ခွပန်းတွေကြည့်ဖို့လိုက်လာတာ မဟုတ်မှန်းလည်း အဘိုးကျမ့်သိပါသည်။

"သြော် စကားမစပ် ကြက်ခြေခတ်နီပင့်ကူသစ်ခွကို ခင်ဗျားရှင်အောင် လုပ်နိုင်ခဲ့တယ်လို့ကြားမိတယ်နော်" အဘိုးချမ့်က စိတ်ဝင်တစားမေးလိုက်ပါသည်။ အဘိုးကျမ့် ကယ်တင်ထားသည့် ရှားပါး သစ်ခွမျိုးစိပ်အကြောင်းကို သူပိုသိချင်နေသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now