အခန်း(၂၇၁) မောင်နှမတွေ တွေ့ဆုံခြင်း
"ယိလင်လေးက တစ်ခါတလေ ဒေါသကြီးတာ ငါသိတယ်။ တကယ်တော့ သူခေါင်းမာတယ် ဆိုတာကိုတောင် ငါလက်ခံပါတယ်။ ဒါပေမယ့် အမှားနဲ့ အမှန်ကိုတော့ သူခွဲခြားနိုင်သေးတယ်။ ပြီးတော့ သူများကို ထိခိုက်လိုစိတ်လည်း လုံးဝ ရှိမှာ မဟုတ်ဘူး။ မင်းတို့တွေဘာလို့သူ့ကိုအဲ့လိုမျိုး စွပ်စွဲခဲ့ရတာလဲ။ ယွင်နော်ကိုယ်တိုင်က ပြောတာဆိုရင်တောင်... ယွင်နော်က အဲ့လိုအခြေအနေမှာ လိမ်ညာနိုင်ချေမရှိဘူး ဆိုရင်တောင်..."
ကျမ့်ယွင်နော်တစ်ယောက် ကျမ့်ယိလင်လေးကို မကာကွယ်ဘဲ မနေနိုင်တော့ပေ။
"မင်းပြောတာမှန်ပါတယ်" ကျမ့်ယွင်ချန်း ဝန်ခံလိုက်သည်။ သူတို့အမှားလုပ်ခဲ့မိမှန်း သူသိပါသည်။
"တကယ်တော့ ဒီကိစ္စမှာ အပြစ်အရှိဆုံးကငါပဲ။ ကျေးဇူးပြုပြီး ငါတို့အဖေနဲ့အမေကို စိတ်မဆိုးပါနဲ့။ အထူးသဖြင့် ငါတို့အမေ။ ယွင်နော်ဒဏ်ရာရပြီးကတည်းက သူတော်တော်ပင်ပန်းခဲ့ရတာ"
"ဘယ်သူ့ကိုပဲ အပြစ်တင်တင်ဘာမှမထူးတော့ဘူးလေ" ကျမ့်ယွင်မို ပူဆွေးမှုများ ပြည့်နှက်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ "မင်းတို့ငါ့ကို စောစော ပြောခဲ့သင့်တာ"
ကျမ့်ယွင်ချန်း ခေတ္တတိတ်ဆိတ်သွားရပါသည်။
ပထမတော့ ဒီကိစ္စတွေ ဘယ်လိုအဆုံးသတ်သွားမလဲ သူမသိပါ။ ထို့ကြောင့် သူတို့မိသားစုဝင်တစ်ယောက်ကို ပြန်လာခိုင်းတာက ကောင်းတဲ့အရာမဟုတ်ပေ။
သို့သော်လည်း ဒီလိုမျိုးအဆုံးသတ်မယ်မှန်းသာ ကြိုသိပါက ကျိန်းသေပေါက် ကျမ့်ယွင်မိုကို ပြန်လာခိုင်းခဲ့ပါသ်။
ညီအစ်ကိုနှစ်ယောက် ခေတ္တတိတ်ဆိတ်သွားကြပြန်သည်။
ထို့နောက် ကျမ့်ယွင်မို ပြောလိုက်သည်။ "ငါ့ကို ယွင်နော်နဲ့ တွေ့ခွင့်မပေးနဲ့ဦး"
"နားလည်ပါတယ်" ကျမ့်ယွင်ချန်း ပြန်ပြောလိုက်သည်။ ထို့နောက် ထပ်ပြောလိုက်၏။ "လောလောဆယ် ကျမ့်အိမ်တော်ဟောင်းမှာပဲ ကျမ့်ယိလင်နဲ့ မင်းအတူတူသွားနေသင့်တယ်"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။