အခန်း(၃၂၃+၃၂၄)

1K 116 0
                                    

အခန်း(၃၂၃) ချင်းချွမ်၏ လက်ဆောင်

ချန်းယွီကိုမေးကြည့်သေးသည်။ ကျမ့်ယိလင်လေးက သုတေသနအဖွဲ့အစည်းကို အနည်းဆုံး တစ်ပတ်တစ်ခေါက် လာသည်ဟု ချန်းယွီကဆိုသည်။ သို့သော်လည်း သူမက အတော်လေးအလုပ်များတတ်သူဖြစ်သဖြင့် တစ်ခါတလေ မကြာခဏလာဖို့ အချိန်မအားတတ်ပါ။

ထို့ကြောင့် ဒီနေ့အခွင့်အခါနဲ့ကြုံခိုက် ပြင်ဆင်ထားသည့်လက်ဆောင်ကို ကျမ့်ယိလင်လေးအား ပေးဖို့ ချင်းချွမ် ဆုံးဖြတ်ခဲ့ပါသည်။

"မလိုပါဘူး" ကျမ့်ယိလင်ပြန်ဖြေလိုက်သညည်။

သူမလိုချင်တာကို ရထားပြီးသားဖြစ်သည်။

"ဒါကကျေးဇူးတင်တဲ့အထိန်းအမှတ်လက်ဆောင် အသေးစားလေးပါ" ချင်းချွန်ပြန်ပြောလိုက်၏။ နှုတ်ခမ်းပေါ်မှာ နူးနူးညံ့ညံ့အပြုံးတစ်ခုပေါ်လာပြီး မျက်လုံးတွေကလည်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပါသည်။

သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း သူမကိုတစ်ခုခု ပေးချင်နေဆဲဖြစ်သည်။ ဒီလက်ဆောင်ကို ပေးဖို့ မလိုမှန်း သူသိပါသည်။

သို့သော် သူ့အတွက်ကတော့ ကျမ့်ယိလင်လေး တောင်းထားသည့် ကတိက အလွန်ပေါ့ပါးလွန်းသည်။ သူ့အမေ၏ အသက်နဲ့ယှဉ်ရင် အလွန်ပေါ့ပါးလွန်းပါသည်။

ချင်းချွမ်က လက်ဆောင်ကို ဆက်ကမ်းပေးထား၏။ လက်ကိုပြန်မရုတ်သိမ်းခဲ့ပါ။ "ကျေးဇူးပြုပြီး လက်ဆောင်ကို လက်ခံပေးပါ"

ကျမ့်ယိလင်လေးကို လက်ဆောင်ပေးနေတာသူဖြစ်မှန်း သိသာပါသည်။ သို့သော်လည်း တောင်းတောင်းပန်ပန် ပြောနေရတာလည်း သူပဲဖြစ်သည်။

ယခုချိန်တွင် လူအများစုက ညစာစားပွဲမှထွက်သွားကြပြီဖြစ်သည်။ ချင်းချွမ်၏အပြုအမူကို မြင်သည့်လူတချို့သာ ရှိပါသည်။ ၎င်းတို့ထဲမှာ မိုရှစ်ယွင်လည်းပါသည်။ သူမ၏ အာရုံစိုက်မှုက ချင်းချွမ်ထံမှ ဘယ်တော့မှပြောင်းလဲမသွားခဲ့ပါ၊။

မိုရှစ်ယွင်က ယခင်နေရာမှာပဲရပ်နေဆဲဖြစ်သည်။ အခုတော့ သူမ တိမ်တွေပေါ်က ပြုတ်ကျသွားသလို ခံစားလိုက်ရပါပြီ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now