အခန်း(၃၆၃+၃၆၄)

1K 111 0
                                    

အခန်း(၃၆၃) ယိလင်လေးကို ပြန်မပြောနဲ့

"နင်က သူ့အဝတ်အစားတွေပေါ် အန်ချခဲ့တာကိုး... သူ့တစ်ကိုယ်လုံးကို အန်ဖတ်တွေနဲ့ပြည့်သွားအောင် နင်လုပ်ခဲ့တာ။ ဒါပေမယ့် နင့်ကိုယ်ပေါ်နင်ကျတော့ ဘာမှအန်မချဘူး။ ယုမင်တစ်ကိုယ်လုံး နင့်အန်ဖတ်တွေနဲ့ ပြည့်သွားလလို့ သူ့အင်္ကျီဘောင်းဘီတွေ ငါတို့ ချွတ်ပေးလိုက်ရတနယ်... နင်တို့နှစ်ယောက် တစ်ခန်းတည်း အတူရှိနေတာကတော့..."

"ဘာဖြစ်လို့လဲလို့"

"အဲ နင်က သူ့ကို အခန်းထဲလိုက်ပို့ပေးချင်တယ်လို့ ပြောတယ်လေ။ သူ့အပေါ် အန်ချမိခဲ့တာဆိုတော့ နင်တာဝန် ယူပေးချင်တယ်ဆိုပြီး ပြောခဲ့တယ်။ အဲ့တာနဲ့ သူ့ဟိုတယ်အခန်းထဲ နင်ကိုယ်တိုင် လိုက်ပို့ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဘယ်သူမှ နင့်ကို တားလို့မရဘူး။ အဲ့တာကြောင့် ဒီအခန်းထဲထိ သူ့ကိုနင်ဆွဲခေါ်လာပြီး နင်ပါမှောက်သွားတာ"

"နင်ရှိနေတာလား"

"ဒါပေါ့။ ပရော်ဖက်ဆာရှုလည်းရှိတယ်"

"ဒါဆို ဘာလို့ ငါ့ကို အခန်းထဲက မထုတ်တာလဲ"

"အစ်မအန်း ငါတို့နင့်ကို မထိရဲမကိုင်ရဲဘူးလေ!"

အဖွဲ့အစည်းထဲက ဘယ်သူမှ အစ်မအန်းကို မထိရဲကြပါ။ ဘယ်သူမှ မသေချင်သေးပေ။

အစ်မအန်းက အခန်းထဲမှာ တမင်သက်သက် မှောက်ချင်ယောင်ဆောင်နေတာလားတောင် သူတို့မသိပါ။

ထို့အကြောင့် သူတို့ ဒီတိုင်းလှည့်ထွက်လာခဲ့ကြပြီး သူတို့နှစ်ယောက်အတွက် တံခါးလော့ခ်ချပေးခဲ့ပါသည်။

လောင်ရွှေအန်း စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါတော့သည်။ "တော်သေးတာပေါ့။ ငါဘာမဟုတ်တာမှ မလုပ်မိခဲ့ဘူး။ ငါအကျင့်ပျက်တာတစ်ခုခု လုပ်လိုက်မိပြီလို့ထထထင်တာ"

ခဏလောက်ကြာပြီးနောက် လောင်ရွှေအန်း အနည်းငယ် စိတ်ပျက်သွားပါသည်။

သို့သော်လည်း ဘာကို စိတ်ပျက်မိတာလဲ သူမမသိပါ။

ထို့နောက် ချန်းယွီကို လောင်ရွှေအန်း ပြောလိုက်သည်။ "ဒါနဲ့ ဒီနေ့ဖြစ်ခဲ့တာကို ယိလင်လေးကို ပြန်မပြောနဲ့နော်!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now