အခန်း(၃၉၁+၃၉၂)

862 105 2
                                    

အခန်း(၃၉၁) ထုတ်ကုန်သစ်မိတ်ဆက်ပွဲ (၄)

ဟဲယန်က ဝင်ရောက် ပြောဆိုလိုက်သည်။ "ယောက်မ ကျွန်မပြောတာ မှားသလား။ ယိလင်လေးရဲ့ မျက်နှာက အသုံးဝင်တယ်မဟုတ်ဘူးလား။ ကျွန်မတို့ မိသားစုစီးပွားရေးအတွက် သူ့ကို အားကိုးရမှာပဲ"

ဟဲယန်တစ်ယောက် သူမစကားလုံးတွေထဲက ခါးသီးမှုကိုတောင် မဖုံးကွယ်နိုင်တော့ပါ။

သူမ စကားလုံးတွေ ဘယ်လောက်ပဲချိုသာပါစေ ဝမ်းနွမ်က သူမကို ညှာတာမှာမဟုတ်ပါ။ ထို့ကြောင့် စကားကို ချိုချိုမပြောတော့ပေ။

ဝမ်းနွမ်မျက်နှာ မှောင်မိုက်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။

"ကျွန်မတို့ ယိလင်လေးကို အားကိုးရမယ်ဆိုရင် မိသားစုစီးပွားရေးအကုန်လုံးကို ယိလင်လေးဆီ လွှဲပြောင်းပေးလိုက်ကြရအောင်လေ။ ဘယ်လို သဘောရလဲ"

ဟဲယန် ပြန်မဖြေတတ်တော့ပေ။

ဟဲယန် စိတ်အဝင်စားဆုံးက ကျမ့်မိသားစု၏ ပိုင်ဆိုင်မှုများဖြစ်သည်။ မိသားစု စီးပွားရေးအားလုံးကို သူများဆီ လွှဲပြောင်းပေးချင်ပါ့မလား။ သူမ ဒီလိုလုံးဝ လုပ်ချင်မှာ မဟုတ်ပါ။

ဟဲယန် ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။ "ယောက်မ ကျွန်မစကားတွေကို နားလည်မှုလွဲနေပြန်ပါပြီ။ ယိလင်လေး ဒီလိုမျက်နှာသာပေးခံရတာ ကံကောင်းတယ်လို့ပဲ ပြောတာပါ။ မိသားစုကို ကူညီနိုင်တာ ကောင်းတာပေါ့ ။ ဆိုးရွားတဲ့ ကိစ္စမှ မဟုတ်ဘဲ"

ဟဲယန်ကို ဝမ်းနွမ် အေးစက်စွာကြည့်လိုက်ပါသည်။ သူမနဲ့ စကားထပ်များချင်စိတ်မရှိတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ သူမသမီးလေး ပါဝင်လို့ မရပါ။

--- --- ---

ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို တက်ရောက်လာကြသည့် လူပေါင်းများစွာရှိပါသည်။ ချင်းမိသားစုမှ ချင်းရှစ်ရွှမ်လည်း တက်ရောက်ခဲ့သည်။

ချင်းရှစ်ရွှမ်က လီယောင်ဓာတုဗေဒနှင့်အဆင့်မြင့်ဒြပ်ထုသုတသန အဖွဲ့အစည်းကိုယ်စား တက်ရောက်လာခြင်းဖြစ်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now