အခန်း(၄၀၃+၄၀၄)

638 90 0
                                    

အခန်း(၄၀၃) ကျမ့်ယွင်ချန်း ညလယ်စာ လာပို့ခြင်း

ကျမ့်ယွင်မိုထံသို့ ကျမ့်ယွင်ချန်းဆီမှ ဖုန်းဝင်လာခဲ့သည်။

"မင်းထုံဟိုင်းမှာလား"

"အေး"

"ယိလင်လေးကော အဲ့မှာလား" ကျမ့်ယွင်ချန်း မေးလိုက်သည်။ အင်တာနက်ပေါ်က သတင်းကို သူလည်းမြင်ပြီးပြီ ဖြစ်သည်။

"အေး"

"မင်းတို့ငါ့ကို ကြိုပြောသင့်တာ"

သူ့ညီမလေးက သူ့ကုမ္ပဏီကကျင်းပသည့် တရားဝင်ပြိုင်ပွဲတွင် ထိပ်တန်း အဆင့် ၂၀ ကိုရောက်ခဲ့သည်။ သို့သော်လည်း သတင်းတွေ့မှ သူသိခဲ့ရပါသည်။

ကျမ့်ယွင်ချန်းက ထိုကုမ္ပဏီ၏ စီအီးအိုဖြစ်သော်လည်း အရာရာကို စောင့်ကြည့်နေဖို့က မဖြစ်နိုင်ပါ။ ထို့ကြောင့် ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်စာရင်းကိုလည်း သူမမြင်ဖူးသေးပါ။

သို့သော် ဟွေ့ယူကတော့ သိသင့်သည်။ သူက အင်တာနက်ပေါ်မှာ ကျမ့်ယိလင်နာမည်ကို စောင့်ကြည့်နေရမှာဖြစ်သည်။ ဆိုလိုတာက ကျမ့်ယိလင် ပြိုင်ပွဲမှာ ပါဝင်မှန်း သူသိခဲ့တာ တော်တော်ကြာလောက်ပါပြီ။

ဒါတောင် သူ့ကိုလာမပြောတာလား။

ဒီကိစ္စနောက်မှရှင်းဖို့ ကျမ့်ယွင်ချန်း စီစဉ်လိုက်ပါသည်။

"ခုတလော အလုပ်တွေအရမ်းများနေလို့ မေ့သွားတာ"

ကျမ့်ယွင်မိုစိတ်ထဲမှာ ရှိနေတာသိသာပါသည်။ သို့သော်လည်း တမင်သက်သက် ဘာမှမပြောခဲ့ခြင်းသာဖြစ်သည်.

"ငါလည်းအခု ထုံဟိုင်းမြို့မှာ ရောက်နေတယ်" ကျမ့်ယွင်ချန်း ပြန်ပြောလိုက်သည်။

ကုမ္ပဏီစီအီးအိုတစ်ယောက်အနေဖြင့် ပြိုင်ပွဲအကြီးစားတစ်ခုကို ကျင်းပသောအခါ သူတက်ရောက်ရပါမည်။

"မင်းငါတို့ဆီလာချင်လို့လား" ကျမ့်ယွင်မို မေးလိုက်သည်။ ကျမ့်ယွင်ချန်းပြောဖို့ကြံနေသည့်စကားလုံးများကို သူကြိုမြင်နိုင်ပါသည်။

ကျမ့်ယွင််ချန်းက ဘာမှပြန်မပြောပေ။ ဟုတ်သည်ဟုလည်းမပြော မဟုတ်ဘူးဟုလည်းမပြောပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now