အခန်း(၄၃၇+၄၃၈)

499 85 1
                                    

အခန်း(၄၃၇) ဆရာရှန်း စိုးရိမ်ပူပန်ခြင်း (၁)

"သူတို့နဲ့ လိုက်မသွားနဲ့!" ကျမ့်ယိလင်ကို အန်းယန်အော်ပြောလိုက်သည်။

ဘာတွေဖြစ်နေသလဲ အန်းယန်မသိပါ။ ဒီလူတွေ ဘယ်သူဘယ်ဝါမှန်းလည်း အန်းယန်မသိပါ။

သို့သော်လည်း ဒီလူတွေ အန္တရာယ်များမှန်းတော့ သူသိပါသည်။ ဒီလိုအန္တရာယ်များသည့်လူတွေနဲဲ့ ကျမ့်ယိလင် လိုက်မသွားသင့်မှန်းသူသိပါသည်။

အန်းယန်က သူ့ကိုချုပ်ထားသည့်လူလက်မှ လွတ်မြောက်အောင် အသည်းအသန်ကြိုးစားလိုက်သည်။ ကြိုးစားရင်းနဲ့ အသားတွေတောင် နီရဲလာပါသည်။

အသည်းအသန်ရုန်းကန်နေသည့် အန်းယန်ကို ကျမ့်ယိလင် လှမ်းကြည့်လိုက်သည်။ ထို့နောက် ဟူကျောင်းကျောင်းကို ကြည့်လိုက်သည်။ ဟူကျောင်းကျောင်းလည်း ဂယောင်ချောက်ချားဖြစ်နေပြီး ဘာလုပ်ရမှန်း မသိတော့ပါ။

"ငါရှင်းလိုက်ပါ့မယ်" ကျမ့်ယိလင် သူတို့နှစ်ယောက်ကို ပြောလိုက်ပါသည်။ အခြေအနေတွေ ဘယ်လိုပဲဖြစ်ဖြစ် သူမ မျက်နှာက အေးစက်ပြီး တည်ငြိမ်နေပါသည်။

ထို့နောက် သူမရှေ့ကလူကို ကျမ့်ယိလင် ပြန်လှည့်ပြောလိုက်သည်။ "သွားကြစို့"

"မစ္စယိလင်လေးက တကယ်ထက်မြက်တဲ့လူပဲ။ ကျုပ်က ထက်မြက်တဲ့လူတွေနဲ့ စကားပြောရတာ သဘောကျတယ်။ မလိုအပ်တာတွေကို လုပ်ပြီး အချိန်ဖြုန်းစရာ မလိုလို့လေ" ထိုလူက အပြုံးဖြင့် ပြောလိုက်ပါသည်။

ကျမ့်ယိလင် ခေါ်ဆောင်သွားခံရတာကို ကြည့်ရင်း အန်းယန်တစ်ယောက် ဒေါသလည်းထွက် စိတ်လည်း ပူလာပါသည်။

ဒီလိုဖြစ်လာမယ်မှန်းသာ ကြိုသိပါက သူ့နောက်လိုက်တွေကို ခေါ်လာခဲ့ပါသည်။ သူ့နောက်လိုက်တွေကို ခေါ်လာခဲ့ပါက အနည်းဆုံးတော့ သူပြန်တိုက်ခိုက်နိုင်သေးသည်။ လောလောဆယ် သူဘာမှ မတတ်နိုင်ပါ။

သို့သော် သူ့နောက်လိုက်တွေရှိနေရင်တောင် ပြန်တိုက်ခိုက်ဖို့က ခက်ခဲနိုင်ပါသည်။ သူတို့ကို ဝိုင်းရံခဲ့ကြသည့် လူတွေက ပရော်ဖက်ရှင်နယ်တွေဖြစ်သည်။ ကျမ့်ယိလင်ကို ကာကွယ်ဖို့ သူတို့လုပ်နိုင်တာ ဘာမှမရှိပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now