အခန်း(၃၃၇) စိန်ခေါ်စာတစ်စောင် ကျမ့်ယိလင် ရရှိခြင်း
[အဲ့လိုမတွေးပါနဲ့ နင်က သာမန်လူတစ်ယောက်ဖြစ်နေရင်တောင် ဘာမှအမှားလုပ်မထားရင် ဒီလိုမမျှမတ ဆက်ဆံရတာမျိုးမဖြစ်သင့်ဘူး]
[အန်းယန်၊ နင့်စေတနာကို ငါအသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ဒီကိစ္စက နင်ဝင်မပါသင့်တဲ့ကိစ္စပဲ]
[ရပါတယ်။ ငါဝင်ပါလို့မရတဲ့ ကိစ္စဆိုတာမရှိဘူး။ မိုရှစ်ယွင် စိတ်မကောင်းမဖြစ်နဲ့။ ငါကူညီပေးမယ်]
မိုရှစ်ယွင်ကို ကူညီပေးဖို့ အန်းယန်ဆုံးဖြတ်လိုက်ပါသည်။
မိုရှစ်ယွင်က အမြဲတမ်း သန်မာပြီး စိတ်အားထက်သန်မှုရှိသည့် ကောင်မလေးတစ်ယောက်ဖြစ်ခဲ့သည်။
အန်းယန် သူမကိုကြိုက်ရသည့် အချက်တွေထဲမှာ ဒါလည်းပါသည်။
သူသဘောကျသည့် ကောင်မလေးကို သူများတွေ၏ ခြေနင်းခုံဖြစ်လာခွင့်ပေးမှာ မဟုတ်ပေ။
ဒီလိုနဲ့ အမည်မသိဖုန်းနံပါတ်တစ်ခုမှ ကျမ့်ယိလင်လေးထံသို စိန်ခေါ်စာတစ်စောင်ရောက်လာခဲ့ပါသည်။
စိန်ခေါ်စာက ဖတ်ရမှာ တော်တော်ရှည်ပါသည်။
သို့သော် အတိုချုန်းပြောရလျှင် ကျမ့်ယိလင်ကို တစ်ဦးချင်းမျှမျှတတ ယှဉ်ပြိုင်ဖို့ စိန်ခေါ်ခြင်းဖြစ်ပါသ်ည။
သူတို့ ဂိမ်းတစ်ခုနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်သည်။ ဂိမ်းကို ကျမ့်ယိလင်ရွေးလို့ရပါသည်။
သို့သော်လည်း ကျမ့်ယိလင်ရှုံးနိမ့်သွားပါက မိုရှစ်ယွင်အမေနဲ့ပတ်သတ်သည့်ကိစ္စကို ရှင်းလင်းပေးရမည်။ ထို့အပြင် မိုရှစ်ယွင်နဲ့ သူမအမေကိုလည်း တောင်းပန်ရမည်။
ထိုလူက ကျမ့်ယိလင်လေးကိုပဲ မက်ဆေ့ပို့ရုံတင်မကဘဲ ထိုမက်ဆေ့အကြောင်းအရာကို Campus Forum မှာ ပို့စ်တင်လိုက်ပါသည်။ ဒီကိစ္စအတွက် တစ်ကျောင်းလုံးကို မျက်မြင်သက်သေလုပ်ခိုင်းလိုက်ပါသည်။
အန်းယန်ပို့လိုက်သည့်မက်ဆေ့ကိုမြင်တော့ အန်းယန်၏ သူငယ်ချင်းတွေက ဝိုင်းမေးကြ၏။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။