အခန်း(၂၂၅+၂၂၆)

1.2K 130 0
                                    

အခန်း(၂၂၅) ခွဲစိတ်ကုသမှုပြီးနောက် (၂)

သူ့လက်... သူ့လက် နောက်ဆုံးတော့ ပြန်ကောင်းသွားတော့မည်။

သူမျှော်လင့်နိုင်တဲ့ အနာဂတ်တစ်ခု ရှိနေပါသေးသည်။

ကျမ့်ယွင်ချန်းက သူ့အတွေးကို ဝင်နှောင့်ယှက်လိုက်သည်။ "အသင့်ပြင်ထား။ နောက်ပိုင်း လေ့ကျင့်ရေးအဆင့်တွေက မလွယ်ဘူးနော်"

"နားလည်ပါတယ်! ပြဿနာမရှိဘူး! ငါ့လက်သာ ပြန်ကောင်းနိုင်မယ်ဆိုရင် ဘာမဆိုလုပ်မယ်!"

"ဒါဆိုလည်း ကောင်းတာပေါ့။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ"

ကျမ့်ရှုရှင်းရဲ့မျက်နှာပေါ်မှာ မတွေ့ရတာကြာပြီဖြစ်သည့် စိတ်သက်သာမှုအရိပ်အယောင်များ ပြန်လည် ပေါ်လွင်လာခဲ့လေသည်။

သို့သော်လည်း သူ့သမီးအကြောင်းကိုစဉ်းစားလိုက်တာနဲ့ ကျမ့်ရှုရှင်း တကယ်တမ်း မပျော်နိုင်သေးပါ။ စက္ကန့်ပိုင်းတွင်းမှာပင် သူ့အပြုံးတွေ ခါးသီးသွားသလို ခံစားလိုက်ရ၏။

ထို့နောက် ကျမ့်ယွင်ချန်းက ကျမ့်ယွင်နော်ရဲ့ ဖုန်းနဲ့ ကွန်ပျူတာတို့ကို ပြန်ပေးလိုက်ပါသည်။ အခု ရှန်းဟွာအထက်တန်းကျောင်း Forum ပေါ်မှာ ဗီဒီယိုကို မြင်နိုင်သေးသည်။

ထို့ကြောင့် ကျမ့်ယွင်နော် Forum ထဲ လော့အင်ဝင်လိုက်တာနဲ့ ဗီဒီယိုကို မြင်သွားပါလိမ့်မည်။

ယခု သူ့ဖုန်းနဲ့ ကွန်ပျူတာတို့ပြန်ရပြီဖြစ်သဖြင့် ဗီဒီယိုကို ကျမ့်ယွင်နော် အချိန်မရွေးမတော်တဆ တွေ့သွားနိုင်သည်။ သူ့ကံတရားအပေါ်မှာ မူတည်ပါလိမ့်မည်။

ဆေးရုံကဆင်းတဲ့အထိ ဗီဒီယိုကိုမတွေ့သေးပါက ကျမ့်ယွင်ချန်းကိုယ်တိုင် သတင်းကိုပြောပြပါလိမ့်မည်။

နောက်တစ်နေ့ ကျမ့်မိသားစုဝင်အတော်များများ ကျမ့်ယွင်နော်ဆီ သတင်းလာမေးကြလေသည်။

ဟဲယန်၊ ကျမ့်ယုမင်နဲ့ ကျမ့်ယုကျဲတို့အားလုံး လာလည်ကြသည်။

ခွဲစိတ်ကုသမှု ချောချောမွေ့မွေ့အောင်မြင်သွားကြောင်း ကြားလိုက်တာနဲ့ အားလုံးက ဝိုင်းဝန်းဂုဏ်ပြုကြပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now