အခန်း(၂၂၁+၂၂၂)

1.5K 137 4
                                    

အခန်း(၂၂၁) ချွေ့ယီကျန်းကို သင်ခန်းစာပေးပြီ (၄)

ရှန်းဟွာအထက်တန်းကျောင်းမှာ သမီးဖြစ်သူရဲ့ လုပ်ရပ်တွေကို ချွေ့လီယောင်လုံးဝ မသိတာတော့ မဟုတ်ပေ။ သူမက အနိုင်ကျင့်တတ်သူမှန်း သူသိသည်။ သို့သော်လည်း ထိုကိစ္စကို ရေးကြီးခွင်ကျယ်ကိစ္စဟု မသတ်မှတ်ခဲ့ပေ။ ထို့ကြောင့် သူမရဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုခဲ့သည်။

ဒီနေ့မတိုင်ခင်အထိ ချွေ့ယီကျန်း အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသားတွေက ဒီလို ဆူပူသောင်းကျန်းလာလိမ့်မည်ဟု ချွေ့လီယောင် မထင်ခဲ့မိပါ။

သို့သော်လည်း လောလောဆယ် ကျိုက်ယွင်ရှန်းက ထိုကျောင်းသားများကို ထောက်ပံ့ပေးနေသည်။ ကျိုက်ယွင်ရှန်းက သူတို့လိုအပ်တဲ့ အကူအညီပဲ ဖြစ်ပါသည်။

ထိုအချိန်တွင် ချွေ့ယီကျန်းရဲ့ မျက်နှာလည်း တုန်လှုပ် ချောက်ချားသွားရသည်။

စဉ့်တီတုံးပေါ်က ငါးတစ်ကောင်လို ခံစားလိုက်ရသည်။

သူမ ကျမ့်ယိလင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။ စဉ့်တီတုံးပေါ် သူမကို တင်ခဲ့တာ ဘယ်လိုလုပ် ဒီကလေးမလေး ဖြစ်နေရတာလဲ။

ဒီကိစ္စဘယ်လောက်ကြီးမားမှန်း သိလိုက်ရတော့ ချွေ့လီယောင် သူ့သမီးကို ရိုက်နှက်ဆုံးမနေဖို့ စိတ်ကူးမရှိတော့ပေ။ ထို့အစား ကျိုက်ယွင်ရှန်းကို ခွင့်လွှတ်ပေးဖို့ စတင်တောင်းပန်လေတော့သည်။

"ဆရာရှန်း ကျေးဇူးပြုပြီး ကျုပ်တို့ကို ချမ်းသာပေးပါဗျာ။ ခွင့်လွှတ်ပေးပါဗျာ။ ကျွန်တော်တို့ မဟုတ်တာလုပ်ခဲ့မိမှန်း သိပါပြီ။ နောက်ကို ကျွန်တော့်သမီးကို သေချာ ဆုံးမသွန်သင်ပါ့မယ်လို့ ကတိပေးပါတယ်ဗျာ။ ထပ်မဖြစ်စေရပါဘူး။ မဖြစ်စေရဘူးလို့ ကတိပေးပါတယ်ဗျာ"

ကျိုက်ယွင်ရှန်း မပြုံးမိအောင် ကြိုးစားလိုက်သည်။ သူ့မျက်လုံးတွေက အထင်သေးခြင်း၊ မထီမဲ့မြင် ပြုခြင်းများနဲ့ ဖုံးလွှမ်းနေသည်။ "ကျွန်တော်က ခွင့်လွှတ်ရတာမကြိုက်ဘူး။ သဘောထား သေးသိမ်တဲ့လူတစ်ယောက်ပဲ ဖြစ်ချင်တာ"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now