အခန်း(၄၄၇+၄၄၈)

483 87 6
                                    

အခန်း(၄၄၇) ၃ နှစ်ကြာပြီးနောက်

  ၃ နှစ်ခန့် ကြာပြီးနောက်...

မြို့တော် ပေကျင်းတွင်....

မြို့လယ်ရှိ အဆင့်မြင့် လူနေအဆောက်အအုံကြီး တစ်ခု၌...

ထိုအိမ်ထဲတွင် အလှဆင်ထားတာက အလွန် ရိုးရှင်းပါသည်။ အများစုက အဖြူအနက်များသာ ဖြစ်သည်။

အိပ်ခန်းတစ်ခန်းထဲတွင် အပေါ်ပိုင်းဗလာနဲ့ ယောက်ျားတစ်ဦး King ဆိုဒ် ကုတင်ကြီးပေါ်မှာ အိပ်စက်နေသည်။

သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သားများဖြင့် ကြံ့ခိုင်နေသည်။ ခန္ဓာကိုယ်အောက်ပိုင်းတွင် အနက်ရောင် ဂွမ်းဘောင်းဘီရှည်ကိုဝတ်ဆင်ထား၏။ သူ့ခြေထောက်တွေက အလွန်ရှည်လျားပါသည်။

အိပ်စက်နေစဉ် သူ့ကို ဖုံးကာပေးထားရမည့် စောင်ပါးပါးက ဘေးတစ်ဖက်ကို လျှောကျနေသည်။

အခန်းထဲတွင် အလွန်ကျယ်လောင်သည့် သီချင်းသံများဖြင့် ဆူညံနေပါသည်။

သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ထိုလူက ဆူညံနေသည့် သီချင်းသံများအကြား နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပါသည်။

ကုတင်ဘေးရှိ စားပွဲပေါ်တွင် ပန်းရောင်ကာတွန်း နေ့လည်စာဘူးလေး ၂ ဘူးရှိသည်။ ထိုနေ့လည်စာဘူးလေးများက အခန်းထဲက တခြား အပြင်အဆင်များနဲ့ မလိုက်ဖက်လှပါ။

နေ့လည်စာဘူးလေးများဘေးတွင် ဓာတ်ပုံတစ်ပုံ ရှိနေပါသည်။

သို့သော်လည်း ဓာတ်ပုံကို သေချာထောင်မထားပေ။ စားပွဲပေါ်မှာ ဓာတ်ပုံကိုမှောက်ထားသဖြင့် ဓာတ်ပုံထဲဲက အကြောင်းအရာကို မမြင်နိုင်ပါ။

မနက် ၈ နာရီထိုးသောအခါ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သည်။

သူ့မှာ ဖီးနစ်စ်တစ်ကောင်နဲ့ ဆင်တူသည့် မျက်လုံးသဏ္ဌာန်မျိုး ရှိသည်။ သူ့မျက်လုံးတွေက တောက်ပပြီး မျက်ထောင့်များက ရှည်လျား စူးရှသည်။

သူက ကျိုက်ယွင်ရှန်းဖြစ်၏။ လွန်ခဲ့သည့် ၃ နှစ်အတွင်း သူအများကြီး ပြောင်းလဲသွားခဲ့ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now