အခန်း(၂၉၉) အစ်ကိုယုကျဲအတွက် ဆရာရှာဖွေပေးခြင်း (၃)
"နာမှ အိပ်မက်မဟုတ်မှန်း သိရမှာပေါ့"
"အိပ်မက်မဟုတ်ပါဘူး။ အိပ်မက်မဟုတ်မှန်း သမီးသိတယ်။ ဆိတ်စရာမလိုပါဘူး" ကျမ့်ယိလင်က ကျမ့်ယုကျဲကို သေချာစွာ ပြောလိုက်သည်။
သီးသန့်အခန်းထဲတွင် မစ္စချမ့်နဲ့ စုရှုတို့ နှစ်ယောက်လည်း ရှေ့က ကလေးနှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
သူတို့ 'မစ္စတာဖူ'နဲ့ တွေ့ရမှာ မဟုတ်ဘူးလား။
ဘာလို့ အထက်တန်းကျောင်းသား ၂ ယောက်ပဲ ရောက်လာတာလဲ။
မစ္စချမ့်က သူတို့နှစ်ယောက်ကို သဘောကောင်းပြီး နူးညံ့တဲ့လေသံနဲ့ မေးလိုက်သည်။ "သမီးတို့နှစ်ယောက် အခန်းမှားဝင်လာတာများလား"
ကျမ့်ယိလင်က ခေါင်းခါကာပြောလိုက်သည်။ "မဟုတ်ဘူး။ အန်ဒီဆက်သွယ်ခဲ့တဲ့လူက ကျွန်မပါ"
မစ္စချမ့်လည်း ကျမ့်ယိလင်ကို အံ့အားသင့်စွာကြည့်လိုက်ရင်း ပြောလိုက်သည်။ "မစ္စတာဖူနဲ့ သမီးကဘာတော်တာလဲ"
"မစ္စတာဖူဆိုတာ မရှိဘူး။ ကျွန်မပဲရှိတယ်"
ဒီအဖြေက အံ့သြဖို့ ကောင်းသည်။ သို့သော် မဖြစ်နိုင်တာတော့ မဟုတ်ပေ။ အင်တာနက်ပေါ်မှာ သစ်ခွပန်းရောင်းချတဲ့သူက ဘယ်လိုပုံစံမျိုးလဲဆိုတာ မစ္စချမ့် မသိနိုင်ပါ။
ထိုအချိန်တွင် ကျမ့်ယုကျဲလည်း အသိစိတ်တဖြည်းဖြည်း ပြန်ဝင်လာခဲ့သည်။ မစ္စချမ့်နဲ့ ကျမ့်ယိလင်တို့အကြားက စကားဝိုင်းကို နည်းနည်းကြားခဲ့ရသဖြင့် အခြေအနေကို နည်းနည်းသဘောပေါက်သွားသည်။
ကျမ့်ယုကျဲက ကျမ့်ယိလင်ကို လှည့်မေးလိုက်ပါသည်။ "ယိလင်လေး ဘာတွေဖြစ်နေတာလဲ"
"သူတို့က သစ်ခွပန်းတစ်ပင် စိတ်ဝင်စားလို့လေ။ အဲ့တာကြောင့် သစ်ခွပန်းယူလာပေးတာ" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။
ကျမ့်ယိလင်ရဲ့အဖြေက စိတ်ရှုပ်ဖို့ကောင်းပါသည်။ သူမအဖြေကနေ ဘာကိုနားလည်ရမှန်း ကျမ့်ယုကျဲမသိပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။