အခန်း(၃၁၁+၃၁၂)

1.1K 126 1
                                    

အခန်း(၃၁၁) သခင်ကြီးကျိုက်က ဆရာရှန်းကို လက်ထပ်ဖို့ ဖိအားပေးနေပြီ (၁)

သူအမြန်ဆုံး နေပြန်ကောင်းမှဖြစ်မည်။ သူ့ညီမလေးက သူ့ကို ယုံကြည်ထားပါသည်။

"ဒီကိစ္စနဲ့ပတ်သတ်ပြီး ဖိအားများစရာမလိုပါဘူး။ သမီးနားလည်ပါတယ်" ကျမ့်ယိလင်ပြောလိုက်ပါသည်။

"ဟုတ်ပါပြီ။ နင့်စကား ကိုကြီးနားထောင်ပါ့မယ်" ကျမ့်ယွင်မိုနှလုံးသားထဲက စိုးရိမ်ပူပန်မှုများ နောက်ဆုံးတော့ လွတ်မြောက်သွားခဲ့ပါပြီ။

"ဟုတ်ပြီ။ အစ်ကိုကြီးက စကားနားထောင်တဲ့ လူနာကောင်းတစ်ယောက်ပဲ"

ဒီလိုနဲ့ ကျမ့်ယိလင်လေး သံသေတ္တာကြီးထဲက အလှတပ်တွယ်ချိတ်လေးတစ်ချောင်းကို ထုတ်ကာ ကျမ့်ယွင်မို၏ အင်္ကျီလက်တွင် ချိတ်ပေးလိုက်ပါသည်။

ကျမ့်ယိလင်လေး ၅ နှစ်သမီးအရွယ်တုန်းက မိသားစုဝင်တွေကို အလှတပ်တွယ်ချိတ်ကလေးများ လိုက်တတ်ပေးရတာကို အလွန်သဘောကျပါသည်။ ထိုတွယ်ချိတ်များက သူမ၏ အသိအမှတ်ပြုမှု သင်္ကေတတစ်ခုလိုဖြစ်သည်။ သူမကို အဖော်ပြုပေးသည့် မိသားစုဝင်များအတွက် ဆုလက်ဆောင်တစ်ခုလိုဖြစ်သည်။ သူမဆီက အလှတပ်တွယ်ချိတ်လေးကို ရရှိလိုက်ပါက ဂုဏ်ယူစရာ ဖြစ်ပါသည်။

ကျမ့်ယွင်မိုလည်း သူ့အင်္ကျီလက်တွင်ချိတ်ထာားသည့် အလှတပ်တွယ်ချိတ်ကလေးကို ငုံ့ကြည့်လိုက်သည်။ သူ့အသက်အရွယ်နဲ့ သိပ်ပြီး မလိုက်ဖက်လှပေ။ သို့သော်လည်း ပျော်ရွှင်အားရမှု အရိပ်အယောင်တစ်ခုက သူ့မျက်နှာပေါ် ထင်ဟပ်လာခဲ့သည်။ သိပ္ပံနယ်ပယ်မှာ ဆုတစ်ခုကို ဆွတ်ခူးလိုက်သည့်အလား။

ဒါသူ့ညီမလေးဆီက အသိအမှတ်ပြုမှုကို ရလိုက်တာနဲ့ အတူတူပဲဖြစ်သည်။

ခဏလောက်ကြာတော့ ကျမ့်ယွင်မိုက ကျမ့်ယိလင်လေးကို သိမ်မွေ့စွာပြောလိုက်ပါသည်။

"ယိလင်လေး ယွင်နော်ကို ခွင့်လွှတ်ပေးဖို့ ကိုကြီး မတိုက်တွန်းပါဘူး။ အဲ့လို တိုက်တွန်းပိုင်ခွင့်လည်း မရှိပါဘူး။ တကယ်တော့ နင့်ကို ပျော်ပျော်ရွှင်ရွှင် ဘဝမျိုးနဲ့ပဲနေစေချင်ခဲ့တာ။ မနာကျင်စေချင်ဘူး"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now