အခန်း(၂၈၇) ဆရာရှန်း အမာရွတ်ပျောက်လိမ်းဆေးသုံးကြည့်ခြင်း
ထိုနေ့ည ကျမ့်ယိလင်လေး သူမရဲ့ လိမ်းဆေးဆီနဲ့အတူတူ ယွီအိမ်တော်ကို သွားခဲ့သည်။
ကျိုက်ယွင်ရှန်းက ကျမ့်ယိလင်လေးရဲ့ အမာရွတ်ပျောက်လိမ်းဆေးအတွက် ပထမဆုံး စမ်းသပ်ခံဖြစ်လာခဲ့သည်။
ဒီ့မတိုင်ခင်က ကျမ့်ယိလင်ရဲ့ စမ်းသပ်ချက်ဒေတာများက တိရိစ္ဆာန်များဆီမှ ရထားခြင်းသာဖြစ်သည်။
စည်းမျဉ်းစည်းကမ်းတွေအရ တိရိစ္ဆာန်တွေဆီက အချက်အလက်လုံလုံလောက်လောက်ရပြီးမှ လူတွေပေါ်မှာ လိမ်းဆေးကို အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် ကျမ့်ယိလင်လေး ကျိုက်ယွင်ရှန်းကို စမ်းသပ်ခံအဖြစ် အသုံးချရဲခြင်းက ဒီကမ္ဘာကိုသူမရောက်မလာခင် အရင်ဘဝမှာ သူမလူနာတွေ ဒီလိမ်းဆေးကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေပြီးသားဖြစ်တာကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လူသားတွေဆီက ရရှိထားသည့် အချက်အလက်တွေလည်း လုံလုံလောက်လောက်ရှိပြီးသားပင်။
ကျမ့်ယိလင်က ယွီရှိကို ကျိုက်ယွင်ရှန်းရဲ့ ဒဏ်ရာပေါ် လိမ်းဆေးလိမ်းခိုင်းလိုက်သည်။
ကျိုက်ယွင်ရှန်းဒဏ်ရာရထားတာ မကြာသေးသဖြင့် လိမ်းဆေးလိမ်းဖို့ အချိန်ကောင်းတစ်ခုဖြစ်သည်။
ကျမ့်ယိလင်ရဲ့တောင်းဆိုချက်ကြောင့် ယွီရှိလည်း နောက်တစ်ဖန် သူ့ရဲ့ 'ပထမဆုံးအကြိမ်'ကို လှူဒါန်းလိုက်ရပြန်ပါသည်။ ဒီတစ်ခေါက်က သူများကို လိမ်းဆေးပွတ်သပ်လိမ်းပေးရခြင်းဖြစ်သည်။
ကျိုက်ယွင်ရှန်းက ကျမ့်ယိလင်ကို စိုက်ကြည့်နေ၏။ မျက်လုံးတွေက ကျမ့်ယိလင်ရဲ့ အတွေးကို ဖတ်နေသည့်အလား။
"ဒီလိမ်းဆေးကို နင့်ဖာသာနင်လုပ်ထားတာလား"
"အင်း" ကျမ့်ယိလင် အမှန်တိုင်း ပြန်ဖြေလိုက်သည်။
ထိုအဖြေကိုကြားသောအခါ လိမ်းဆေးလိမ်းပေးနေတဲ့ ယွီရှိလက်တွေ တုန်ခါသွားသည်။
ဒီလိမ်းဆေးကို နတ်ဘုရားလေးလင် လုပ်ထားတာဟုတ်လား။ ဒါဆို ပြဿနာတော့ မရှိလောက်ပါဘူးနော်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။