အခန်း(၃၆၇+၃၆၈)

974 110 2
                                    

အခန်း(၃၆၇) ဒီကလေးမလေးကကော

အခြေအနေတွေ အနည်းငယ် အနေခက်စရာ ဖြစ်လာသည်ဟု ယွီရှိ ခံစားမိသဖြင့် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ချင်းယုဖန်ကို သူပြောလိုက်ပါသည်။ "မစ္စချင်း။ ခင်ဗျားရဲ့လက်ဆောင်က တကယ်ပဲ ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဆရာရှန်းက အဲ့လို လက်ဆောင်မျိုး မလိုပါဘူး"

ယွီရှိက ချင်းယုဖန်ကို အခြေအနေရှင်းပြနေစဉ် ကျိုက်ယွင်ရှန်းက ကျမ့်ယိလင်ကို လှမ်းပြောလိုက်သည်။ "နောက်တစ်ခေါက် နေ့လည်စာဘူးထဲ အသားများများပိုထည့်စမ်းပါ။ ပြီးတော့ မုန်လာဥလည်းမစားချင်ဘူး။ ငါယုန်မဟုတ်ဘူး"

ကျမ့်ယိလင် ဘာမှပြန်မပြောပေ။ ထို့အစား ဗလာကျင်းဖြစ်သွားပြီဖြစ်သည့် နေ့လည်စာဘူးကို တိတ်ဆိတ်စွာ လှမ်းယူလိုက်သည်

သို့သော် ကျိုက်ယွင်ရှန်းက နေ့လည်စာဘူးကို သူမမယူမိအောင် ဆွဲလိုက်သည်။ "ယွီရှိကို ဆေးခိုင်းပြီးမှ ပြန်ပေးခိုင်းလိုက်မယ်"

ဒီလိုနဲ့ ကျမ့်ယိလင်လည်း သူမလက်ကို ပြန်ရုတ်သိမ်းလိုက်ရတော့သည်။

ထိုစကားကိုကြားသောအခါ ယွီရှိ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိသည်။ "ငါနေ့လည်စာဘူး မဆေးတတ်ဘူး... ခြေအိတ်တောင် ဆေးတတ်တာ မဟုတ်ဘူး..."

သို့သော်လည်း နည်းနည်းလောက်ပွစိပွစိ ပြောလိုက်ရုံနဲ့ ကျိုက်ယွင်ရှန်း သူ့ကိုစိုက်ကြည့်နေမှန်း ယွီရှိ သတိထားမိသွားသည်။ ချက်ချင်းပဲ သူ့စကားကို ပြန်ပြောင်းလိုက်သည်။ "ကိစ္စမရှိပါဘူး ငါ့ ပန်းကန်ဆေးစွမ်းရည်က အရမ်းကောင်းတယ်!"

ဒီလိုနဲ့ ယွီမိသားစု၏ သားတစ်ယောက်အဖြစ်မှ ပန်းကန်ဆေးအဖြစ်သို့ ပြောင်းလဲသွားရသည်။ သူဘယ်လိုဖြစ်ရတာလဲ။

ကျိုက်ယွင်ရှန်းသာ သူ့ကိုနည်းနည်းလောက် ပိုစိုက်ကြည့်လိုက်ပါက ယွီရှိတစ်ယောက် တစ်သက်လုံး ပန်းကန်ဆေးသမားသာ ဖြစ်သွားတော့မည်။

ချင်းယုဖန်က ကျိုက်ယွင်ရှန််း၏ အဖြေကို စောင့်နေဆဲဖြစ်၏။ သို့သော်လည်း သူက ကျမ့်ယိလင်နဲ့ နေ့လည်စာဘူးအကြောင်း ပြောဖို့သာ စိတ်ဝင်စားနေသည့်ပုံပင်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now