အခန်း(၃၄၉) ကျူးရှားရဲ့ ဝဋ်လည်မှု (၁)
ကျောင်းသားမိဘကော်မတီကို ဝမ်းနွမ်ဝင်ရောက်လာပြီးနောက် သူမပထမဆုံး လုပ်သည့်အရာက Campus Forum ပေါ်မှာ ကျောင်းသားတွေအားလုံးကို နာမည်အစစ်ဖော်ပြစေခြင်းဖြစ်သည်။
အကောင့်ဖွင့်ဖို့အတွက် ကျောင်းသားနံပါတ်ကို လိုအပ်သဖြင့် Campus Forum ဒေတာဘေ့စ်ထဲမှာ အကောင့်အသုံးပြုသူ၏ နာမည်အစစ်တော့ ကျိန်းသေပေါက် ရှိနေပါလိမ့်မည် ။
ယခင်တုန်းက Forum ပေါ်မှာ နာမည်ပြောင်တွေသာ ဖော်ပြလေ့ရှိသည်။ အသုံးပြုသူ၏ နာမည်အစစ် မဟုတ်ပေ။
ဒီကမ်းလှမ်းချက်ကို ကျောင်းသားမိဘကော်မတီက သဘောတူပါသည်။
ထို့ကြောင့် ကျောင်းသားမိဘကော်မတီက ကျောင်းတော်၏အထက်လူကြီးများထံသို့ တင်ပြလိုက်သည်။ ကျောင်း Forum ဆိုတာ ကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရမည့် နေရာတစ်ခုဖြစ်ကြောင်း၊ အားလုံးက ကျောင်းသားတွေဖြစ်တာကြောင့် တစ်ယောက်ကိုတစ်ယောက် သရုပ်မှန်တွေဖုံးကွယ်ထားဖို့ မလိုကြောင်း ပြောခဲ့ပါသည်။
နာမည်အစစ်ကိုအသုံးပြုခြင်းဖြင့် စနစ်ကျသည့် ဆက်သွယ်ပြောဆိုမှုများအတွက် အကျိုးရှိစေမည်။ ထို့အပြင် Campus Forum ကို ထိန်းသိမ်းဖို့အတွက် ကျောင်းကိုအကူအညီပေးနိုင်ရုံတင်မကဘဲ Campus Forum ၏ အနေအထားကိုလည်း ပိုကောင်းသွားစေမည်။
ကျောင်းသားမိဘကော်မတီ၏ တောင်းဆိုချက်ကို ကျောင်းအာဏာပိုင်များကလည်း ခပ်မြန်မြန်ပဲ တုန့်ပြန်ခဲ့ပါသည်။ ဒီတောင်းဆိုချက်က ယုတ္တိရှိသည်ဟု သူတို့လည်း ထင်ပါသည်။
ထို့ကြောင့် Forum ကြီးကြပ်သူများကို နာမည်ပြောင်းများအစား နာမည်အရင်းများ ထုတ်ပြဖို့အတွက် အကြောင်းကြားလိုက်ပါသည်။
ပြောင်းလဲပြီးနောက် တခြားသူတွေ၏ ကောမန့်နဲ့ ပို့စ်များကို နာမည်အစစ်များဖြင့် ကျောင်းသားတွေ မြင်နိုင်ပါပြီ။
အဆိပ်အတောက်ဆန်သည့် အင်တာနက် အသုံးပြုသူတွေနဲ့ မုန်းတီးရေးသမားတွေလည်း ဘူးပေါ်သလို ပေါ်လာခဲ့ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။