အခန်း(၃၅၃) ဧကရာဇ်မင်းက စိတ်မပူပေမယ့် မိန်းမစိုးတွေက စိတ်ပူရတယ်
ဒေါက်တာ F.S ၏ အမည်ဖြင့် ထုတ်ဝေထားသည့် ဆောင်းပါးက တခြားတစ်ခုက သိသိသာသာ စံနှုန်းပိုမြင့်နေသညည်။
ဆောင်းပါး ၂ ပုဒ်ကို တစ်ခုနဲ့တစ်ခု ယှဉ်ကြည့်လို့တောင် မရပါ။
သူမလျှောက်လွှာကို တိတ်တဆိတ်အစားထိုးခဲ့သူက အနည်းငယ် လေ့လာပြီးမှ ဒေါက်တာ F.S ထံမှ ဆောင်းပါး တစ်ပုဒ်နဲ့အစားထိုးခဲ့တာဖြစ်သည်။
ပထမဆုံးအနေဖြင့် ဒေါက်တာ F.S က ယခုချိန် ပညာရေးအသိုင်းအဝိုင်းမှာ အတော်လေးနာမည်ကြီးလာနေသူ ဖြစ်သည်။ ထို့ကြောင့် သူ့ဆောင်းပါးကို ခိုးကူးရေးသားခြင်းကြောင့် ပြဿနာအကြီးအကျယ်တတ်နိုင်ပါသည်။
ဒုတိယအနေဖြင့် ဒေါက်တာ F.S က အမြဲတမ်း ပဟေဠိဆန်သူတစ်ယောက်ဖြစ်သည်။ လူအများစုက သူ့ကို တိုက်ရိုက် ဆက်သွယ်လို့မရကြပါ။ ထို့အပြင် သူ့စရိုက်က အတော်လေး အပူအပင်ကင်းပြီး အများနဲ့မတူဘူးဟု သတ်မှတ်ထားကြသည်။ အော်ပရေးရှင်းတစ်ခုကို လက်ခံခြင်း လက်မခံခြင်းက သူ့စိတ်အခြေအနေပေါ်မှာသာ မူတည်ပါသည်။ ငွေတွေ အာဏာတွေကြောင့် အလွယ်တကူ စိတ်ပြောင်းသွားမှာမဟုတ်ပါ။
ဆိုလိုတာက ပြဿနာရှင်းဖို့ သူ့ကို ကျမ့်မိသားစု ရှာဖွေချင်သည့်အခါ အလွယ်တကူရှာဖွေနိုင်မှာ မဟုတ်ပေ။ ဒီကိစ္စကို ရှင်းလင်းဖို့အတွက် ကျမ့်မိသားစု ငွေတွေ အာဏာတွေကို အားကိုးဖို့ မလွယ်လှပါ။
နောက်ဆုံးအချက်က ကျမ့်ယိလင်၏ ကောလိပ်၊ တက္ကသိုလ်ဝင်ခွင့်ရရှိဖို့ ကြိုးစားမှုများကို ပျက်စီးသွားစေမည်ဖြစ်သည်။ နောက်နှစ်အနည်းငယ်အတွင်း သူမ ဝင်ခွင့်စာမေးပွဲဖြေဆိုသည့်အခါမှာလည်း ထိုကောလိပ်တက္ကသိုလ်များက သူမကို ပယ်ချပါလိမ့်မည်။ လျှောက်လွှာကိုတောင် ကူးချတတ်သည့် ကျောင်းသား တစ်ယောက်အား ဘယ်တက္ကသိုလ်ကောင်းကောင်းကမှ လက်ခံချင်ကြမှာမဟုတ်ပေ။
သူမအဆင့်တွေကောင်းမွန်ရင်တောင် တက္ကသိုလ်ကောင်းတစ်ခုကို တက်ရောက်ရနိုင်ချေမရှိတော့ပါ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။