အခန်း(၂၁၁) ဟူကျောင်းကျောင်း ပြဿနာတက်ခြင်း
နောက်တစ်ဖန် ကျမ့်ယိလင်လေးကိုယ်စား ချန်းယွီ ဖြေဆိုပေးလိုက်သည်။ "မစ္စတာယွင်နော် အရမ်း ရိုသေဖို့ မလိုပါဘူးဗျာ။ ဒေါက်တာ F.S ရဲ့ကုသမှုကို ငွေကြေးနဲ့ ရှင်းပေးထားပြီးသား။ စျေးနှုန်းကိုလည်း ချပြထားပြီးသား။ ဘယ်သူ့ကိုမှ မလိမ်လည် မလှည့်ဖျားထားဘူး။ မျှတပြီး စစ်မှန်မှုရှိတဲ့ ကုသမှုပါ။ မစ္စတာယွင်နော်က တကယ်ကျေးဇူးတင်ချင်တယ်ဆိုရင် ငွေစာရင်း ရှင်းတဲ့အချိန်ကျမှ ပိုပေးလိုက်ပေါ့ ဟဲဟဲ"
အရမ်းကြီး အားနာနေဖို့မလိုပေ။ အခွင့်အရေးကြုံခိုက် ပိုက်ဆံများများပိုတောင်းသင့်ပါသည်။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်စကားတစ်ခွန်းတည်းနဲ့ ဘာမှမရနိုင်ပါ။
"အင်း သေချာတာပေါ့ဗျာ" ကျမ့်ယွင်နော် ချက်ချင်းပဲ ပြန်ပြောလိုက်ပါသည်။
ဒီကိစ္စကို ကျမ့်ယွင်နော်က သူ့အဖေ သူ့အစ်ကိုတို့နဲ့ ဆွေးနွေးထားပြီးသားဖြစ်သည်။
အော်ပရေးရှင်းသာ အောင်မြင်သွားပါက ကျိန်းသေ ဒေါက်တာ F.S ကို ကြီးကြီးမားမား ကျေးဇူးဆပ်ပါမည်။
ချန်းယွီက ထပ်ပြောလိုက်သေး၏။ "ပြီးတော့ မစ္စတာယွင်နော် လက်တွေသက်သာသွားရင် တချို့ ကိစ္စတွေကို စိတ်အေးအေးနဲ့ကြည့်တတ်ဖို့ မျှော်လင့်မိပါတယ်။ အငြှိုးတွေ အာဃာတတွေ သိပ်မထားပါနဲ့။ ပြီးတော့ မကောင်းတာတစ်ခုခု ဖြစ်သွားရင်လည်း မျှော်လင့်ချက်ကို မစွန့်လွှတ်လိုက်နဲ့။ ခင်ဗျားကို ဂရုစိုက်တဲ့လူတွေ အနားမှာရှိသေးတယ်ဆိုတာ သတိရပေးပါ"
"ကျွန်တော် နားလည်ပါတယ်" ကျမ့်ယွင်နော် ထပ်ပြောလိုက်ပါသည်။
လောလောဆယ် အနာဂတ်အတွက် သူ့မှာ မျှော်လင့်ချက်ရှိသည်။ အုတ်နံရံနဲ့ ခေါင်းကို ဆက်ဆောင့်နေတော့မှာ မဟုတ်ပေ။ အငြှိုးတရားတွေနဲ့လည်း ပြည့်နှက်နေတော့မှာ မဟုတ်ပါ။
ခဏလောက်ကြာတော့ ဆေးစစ်ချက်များပြီးဆုံးသွားပြီး ကျမ့်ယိလင် အခန်းထဲကထွက်သွားခဲ့ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။