အခန်း(၃၂၅) ဒေါ်လေးမိုကို ကျမ့်ယွင်ချန်း စစ်ဆေးမေးမြန်းခြင်း (၂)
မိုဟွေ့ချင်းက တုန်ယင်နေသည့်အသံဖြင့်ပြောလိုက်ပါသည်။ "သူက ကျွန်မခင်ပွန်းဟောင်းရဲ့ ဖအေတူမအေကွဲ ညီမပါ။ ကျွန်မတို့ အရင်က တွေ့ဖူးပါတယ်.. ဒါပေမယ့် ကျွန်တကယ်မလုပ်ချင်ခဲ့ပါဘူး... ကျွန်မဘာမှလည်း သိပ်မလုပ်ခဲ့ရပါဘူး... သူ့ဆီကို သတင်းတွေပြန်ပြောပြတာလေးပဲရှိတာပါ... ပြီးတော့ သခင်လေးယွင်နော်နားလည်မှု လွဲစေမယ့် စကားတချို့ ပြောခဲ့မိပါတယ်... အဲ့တာလည်း သူလုပ်ခိုင်းတာပါ..."
မိုဟွေ့ချင်း မျက်ရည်များဖြင့် ဆက်ပြောလိုက်ပါသည်။ "သခင်လေးယွင်ချန်း။ ဒီကိစ္စအကြောင်း ကျွန်မသမီးလေး ဘာမှမသိတာ ကျွန်မကျိန်ရဲပါတယ်! ဒါတွေအားလုံးကို ကျွန်မတစ်ယောက်တည်းလုပ်ခဲ့တာပါ! ခိုးဝှက်တာလည်း ကျွန်မလုပ်တာပဲ! ကျွန်မ လောဘတက်မိသွားလို့ပါရှင်!။ အားလုံးကျွန်မအပြစ်တွေပါ!။ အပြစ်ပေးချင်တယ်ဆိုရင် ကျွန်မကိုပဲ အပြစ်ပေးပါ!"
ကျမ့်ယွင်ချန်းက သူ့ခြေထောက်ကို မြှောက်လိုက်ပြီး မိုဟွေ့ချင်း၏ မျက်နှာပေါ် နင်းလိုက်သည်။ "ခင်ဗျားကိုပဲ အပြစ်ပေးရမယ်ဟုတ်လား။ အခုခင်ဗျားက ကျုပ်နဲ့ ညှိနှိုင်းလို့ရတဲ့ အခြေအနေလား"
မိုဟွေ့ချင်း၏ မျက်နှာပေါ် ကျမ့်ယွင်ချန်း ခြေထောက်ဖြင့် ဆက်နင်းထားရင်း ကျမ့်ယွင်မိုကို ဖုန်းဆက်လိုက်ပါသည်။
"ယွင်မို စုံစမ်းစစ်ဆေးတာ ပြီးသွားပြီ။ ဟဲယန်ပဲ"
ဖုန်းတစ်ဖက်ကလူက ခဏလောက် တိတ်ဆိတ်သွားသည်။ "အဲ့တာကြောင့် ယိလင်လေးက အမှန်တရားကို သိပြီးတာတောင် ဗီဒီယိုရဲ့ရင်းမြစ်ကို ထုတ်မပြခဲ့တာလား"
သူတို့ ဒုတိယဦးလေးနဲ့ ဝမ်းကွဲညီအစ်ကိုများဖြစ်ကြသည့် ကျမ့်ယုမင်၊ ကျမ့်ယုပေါ်၊ ကျမ့်ယုကျဲတို့အားလုံး ကြားထဲမှာ ညပ်သွားနိုင်သည်။
"ယိလင်လေးအကြောင်း ငါ့ထက်မင်းပိုသိပါတယ်။ အခြေအနေကို ဘယ်လိုသဘောရလဲ"
"ဒါတွေအားလုံးကို ဟဲယန်လုပ်ခဲ့တာလေ။ အဲဲ့လိုလူမျိုး ငါတို့မိသားစုထဲမှာ ဆက်မထားသင့်ဘူး။ သူ့ကို ငါတို့ကိုယ်တိုင် ဘာမှလုပ်လို့မရဘူးဆိုရင်တောင် သူ့ကို ဆက်နေခွင့်ပေးလို့မရဘူး။ ဒုတိယဦးလေးကို သူ့ကို ကွာရှင်းခိုင်းဖို့အတွက် နည်းလမ်းတစ်ခုခုစဉ်းစားရအောင်။ ကျမ့်ယုမင်တို့အတွက် မကောင်းပေမယ့် မတတ်နိုင်ဘူး"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။