အခန်း(၃၄၇+၃၄၈)

1K 122 0
                                    

အခန်း(၃၄၇) ကျမ့်ယွင်နော်ရဲ့ ဝမ်းနည်းမှု

ကျမ့်ယိလင်လေး အပေါ်ထပ်က ဆင်းလာတော့ ကျမ့်ယွင်နော်က မတ်တပ်ရပ်ပြီး ကြိုဆိုဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူ့ထက်အရင် ကျမ့်ယုမင်နဲ့ ကျမ့်ယုကျဲတို့က ထသွားကြပါသည်။

ထို့နောက် သူတို့နှစ်ယောက်ကို ကျမ့်ယိလင်လေး စကားပြောနေတာ သူမြင်လိုက်ရသည်။ မကြာခဏ ခေါင်းငြိမ့်ပြီး စကားတချို့ပြောသည်။ သူမပုံစံက အလွန်ချစ်ဖို့ကောင်းပါသည်။

သူငယ်ငယ်တုန်းက သူ့ညီမလေး သူ့ကို ဝက်ဝံဂျယ်လီများဖြင့် ချော့ခဲ့သည့် အခိုက်အတန့်ကို ကျမ့်ယွင်နော် ပြန်သတိရသွားပါသည်။

"ယွင်နော် ယွင်နော် မငိုပါနဲ့ အရုပ်ကားကျိုးသွားလည်း ဘာမှမဖြစ်ပါဘူး။ ယွင်ချန်းကို နောက်တစ်စီးဝယ်ခိုင်းလိုက်ပေါ့! ကိုကြီးကို ဝက်ဝံဂျယ်လီတစ်လုံးကျွေးမယ်! ယွင်မိုက သမီးကို သူများမသိအောင် ပေးထားတာ။ သမီး စားတောင်မစားရသေးဘူး။ ဒါပေမယ့် မေမေ့ကို မပြောနဲ့နော်။ မေမေက သမီးကို သကြားလုံးတွေ စားခွင့်မပေးဘူး။ ရိုက်မယ်လို့ ပြောထားတယ်!"

ဖြူဖြူဖွေးဖွေး နူးနူးညံ့ညံ့လက်ကလေးများဖြင့် သူ့လက်ထဲသို့ ဝက်ဝံဂျယ်လီများ ထည့်ပေးလိုက်သည်။ ထို့နောက် သူမ သွားဖြီးပြလိုက်၏။ ထိုအချိန်တုန်းက သူမ သွားတွေ ကျိုးနေပါသည်။

သို့သော်လည်း အမှတ်တရမြင်ကွင်းပြီးဆုံးသွားသောအခါ သူမက သူနဲ့ အဝေးကြီးမှာ ရပ်နေဆဲဖြစ်သည်။

သူကမှ ယိလင်လေး၏ အစ်ကိုအရင်းဖြစ်သည်။ ယုမင်နဲ့ ယုကျဲတို့က ဝမ်းကွဲအစ်ကိုတွေသာဖြစ်သည်...

သို့သော်လည်း အခုတော့... ယိလင်လေးနဲ့ သူ့ရဲ့ ဆက်ဆံရေးက မရှိတော့သလိုတောင်ဖြစ်နေပါပြီ။ ယိလင်လေးက သူ့ထက် သူတို့ကို စကားပိုပြောသည်...

သူတို့ ၃ ယောက်၏ ပုံရိပ်က သာယာပြီး လှပနေပါသည်။

ထို့နောက် သူတို့အတွက် ယိလင်လေးထိုးပေးထားသည့် ဆွယ်တာများကို သူကြည့်လိုက်သည်။ ယိလင်လေး၏ လက်သေးသေးလေးဖြင့် ချုပ်ရိုးတစ်ခုချင်းစီတိုင်း ထိုးနေမှာကို ကျမ့်ယွင်နော် မြင်ယောင်သွားသည်။ ရုတ်တရက်ကြီး သူဝမ်းနည်းသွားမိပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now