အခန်း(၂၆၉) သမိုင်းဝင်ဂိမ်မာကြီး ၂ ယောက်ရဲ့ ကူကစားပေးတာကို ခံရခြင်း
လောင်ရွှန်းက အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ထိုတောင်းဆိုချက်ကို ကြည့်လိုက်တော့ နောာက်တစ်ဖန်ထပ်ပြီး လန့်သွားရပြန်သည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ နာမည်ကိုနောက်တစ်ခေါက် စစ်ဆေးကြည့်လိုက်သည်။
ZYS
ဒီနာမည်က Leaderboard ရဲ့ အဆင့် ၂ က နာမည်မဟုတ်ဘူးလား။
ထို့နောက် ထပ်စစ်ကြည့်လိုက်ပြီး တကယ်ပဲ အဆင့် ၂ ကလူဖြစ်မှန်း အတည်ပြုလိုက်ပါသည်။ နာမည်အတု မဟုတ်ပေ။
ဒီလိုနဲ့ လောင်ရွှန်းက ရှစ်ပိုင်ယန်ကို လော်ဘီမှ ပြတ်ပြတ်သားသား ကန်ထုတ်လိုက်ပြီး ZYS ကို ထည့်သွင်းလိုက်သည်။
ရှစ်ပိုင်ယန် ကန်ထုတ်ခံလိုက်ရတော့ လောင်ရွှန်းဘက်ကို လှည့်ပြီးစိုက်ကြည့်လိုက်ပါသည်။ သူ့မျက်နှာပေါ်မှာလည်း မေးခွန်းသင်္ကေတတွေ အများကြီးပေါ်လာခဲ့သည်။
"ဟေ့ကောင် လောင်ရွှန်း နှလုံးသားမရှိတဲ့ကောင်။ ငါ့ခံစားချက်တွေကိုကော ထည့်မတွက်တော့ဘူးလား"
"ညီကိုပိုင်ယန်။ စိတ်မဆိုးပါနဲ့ကွာ။ အဆင့် ၂ က လူကို ငါတို့အဖွဲ့ထဲမဝင်စေချင်ဘူးလား။ အဆင့် ၁ နဲ့ အဆင့် ၂ ဇာ့ဂ်တွေအတူတူသတ်တာကို မကြည့်ချင်ဘူးလား"
ရှစ်ပိုင်ယန် ခေတ္တရပ်တန့်သွားပြီး အခြေအနေကို စဉ်းစားကြည့်လိုက်ပါသည်။ လောင်ရွှန်းပြောတာ အဓိပ္ပာယ်ရှိသဖြင့် စိတ်မပါလက်မပါနဲ့ လက်ခံလိုက်ရပါတော့သည်။
ဂိမ်းထဲမှာ ပါခွင့်မရှိတော့သဖြင့် ကျမ့်ယိလင်လေးနား ကပ်ပြီး သူမကစားတာကို ကြည့်ဖို့ပြင်လိုက်သည်။
သမိုင်းဝင်ဂိမ်မာကြီးရဲ့ APM နဲ့ ထိန်းချုပ်မှုများကို သူမြင်ချင်သည်။
ကျမ့်ယိလင်လေးရဲ့လက်ချောင်းများက ဖြူဖွေးပြီး သေးသွယ်သည်။ တစ်ချက်ကြည့်လိုက်ရင်တော့ သူမရဲ့ လက်ချောင်းလေးတွေက အားပျော့ပြီး ထိခိုက်လွယ်မည့်ပုံစံပေါက်ပါသည်။ သို့သော်လည်း ကီးဘုတ်နဲ့ မောက်စ်တို့ကို မှော်ဆန်ဆန် ထိန်းချုပ်နေချိန်မှာတော့... လုံးဝခြားနားပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။