အခန်း(၄၃၁) ကုမ္ပဏီကို လက်လွှတ်ခြင်း
သူ့ဒုတိယညီက စိတ်ထဲမှာစီစဉ်ထားသည့် အစီအစဉ်ကို စက်ရုပ်တစ်ရုပ်လို ဆောင်ရွက်နေသည့် ပုံစံပေါက်နေပါသည်။
အမုန်းတရားတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားလို့ မရသည့်ပုံပင်။
ကျမ့်ယုပေါ်လည်း ကျမ့်ယုမင်ကို ကြည့်လိုက်ပါသည်။ ဆက်လက်တိတ်ဆိတ်နေပြီး သူ့အစ်ကို၏ မေးခွန်းကို ပြန်မဖြေခဲ့ပါ။
သို့သော်လည်း ကျမ့်ယုပေါ်၏ မျက်လုံးများမှတဆင့် ကျမ့်ယုမင် အဖြေကိုရလိုက်သည်။ သူမမြင်ချင်သည့် အဖြေတစ်ခုဖြစ်သည်။
ကျမ့်ယုပေါ်က သူတို့ကို မိသားစုတစ်စုအဖြစ် မမြင်တော့ပါ။
သူတို့ကို မမုန်းပါ။ သို့သော် ချစ်လို့လည်း မရပါ။
သူတို့ရဲ့ အချစ်နဲ့ ဂရုစိုက်မှုတွေကို အလိုအပ်ဆုံး အချိန်မှာ သူတို့ ရှိနေမပေးခဲ့တာကြောင့် ဖြစ်သည်။
ဧကန္တ သူတို့ကို ဆက်ပြီး ဂရုစိုက်ချင်သော်လည်း ဂရုစိုက်ဖို့ မဖြစ်နိုင်တော့တာဖြစ်မည်။
ထိုအချိန်တွင် ကျမ့်ယုမင်၏ မျက်လုံးထဲ မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့ပါသည်။
သူ့မိသားစု... သူ့မိသားစု တကယ်ပြိုကွဲနေပါပြီ...
ထို့နောက် ကျမ့်ယုပေါ်က ကျမ့်ယွင်ချန်းကို လှည့်ပြောလိုက်သည်။ "မင်းနဲ့အပေးအယူလုပ်စရာ ရှိတယ်"
"ဘာ" ကျမ့်ယွင်ချန်း ပြန်မေးလိုက်သည်။ သူ့ပုံစံက အတော်လေးဇဝေဇဝါဖြစ်နေပါသည်။
"မင်းအဖေရဲ့စီအီးအိုနေရာကို မင်းနဲ့အစားထိုးချင်တယ်။ ကုမ္ပဏီကို ကောင်းကောင်းမွန်မွန် စီမံနိုင်ရင် ၃ နှစ်ကြာတဲ့အခါ ငါ့နာမည်အောက်က ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပေးမယ်။ ကျန်တဲ့ရှယ်ယာတွေကို တခြားကျမ့်မိသားစုဝင်တွေဆီ အချိုးကျခွဲပေးသွားမယ်။ ကျမ့်ရှုဟုံနဲ့ ဟဲယန်တို့တော့ မပါဘူး"
ကျမ့်ယုပေါ်၏ စကားလုံးမျာကြောင့် အားလုံး ထပ်မံ အံ့အားသင့်သွားရသည်။
သူ့တောင်းဆိုချက်ကို အဘိုးကျမ့်လက်ခံလာအောင် အများကြီး လုပ်ခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးကျတော့ မကြာသေးခင်ကမှ ရထားသည့် ရှယ်ယာတွေ အာဏာတွေကို လက်လွှတ်ပြီး ပြန်ပေးအပ်တော့မှာလား။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။