အခန်း(၄၂၇+၄၂၈)

649 116 2
                                    

အခန်း(၄၂၇) သားဖြစ်သူရဲ့ အကွက်ဆင်မှု

သဘောတူစာချုပ်တွင် ဟဲယန်ကို ချုပ်နှောင်ထားဖို့ စာသားတွေအများကြီးပါဝင်ပါသည်။

ပိုင်ဆိုင်မှုခွဲဝေခြင်းကိုတောင် သူတို့အတွက် ကျမ့်ယုပေါ်က ရေးဆွဲပေးထားသည်။

ဟဲယန် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးလိုက်လျှင် ကျမ့်ရှုဟုံဆီက ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ရမှာ မဟုတ်ပါ။

ထိုအချိန်တွင် အစည်းအဝေးခန်းတစ်ခုလုံး ကြက်သေသေနေကြပါသည်။ အားလုံး တစ်ခွန်းမှ ဝင်မပြောဘဲ စောင့်ကြည့်နေကြသည်။

ဒါက ကျမ့်ရှုဟုံတို့မိသားစု ပြဿနာဖြစ်သည်။ ကျမ့်ရှုရှင်းအပါအဝါတခြားဘယ်သူမှ ဝင်ပါလို့ မရပါ။

ကျမ့်ယွင်ချန်း၊ ကျမ့်ယွင်မို၊ ကျမ့်ယိလင်လေးတို့ အားလုံး ဒီတိုင်းစောင့်ကြည့်နေကြပါသည်။

ဒီကိစ္စမှာ သူတို့ဝင်ပါခွင့်မရှိပါ။

ကျမ့်ယုမင်နဲ့ ကျမ့်ယုကျဲတို့လည်း ကျမ့်ယုပေါ်ကို နာကျင်နေသော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ သို့သော် သူတို့လည်း ဘာမှ ဝင်မပြောနိုင်ကြပေ။

သူတို့မိသားစု ဒီလိုမျိုးတွေဖြစ်လာရသည့်အတွက် ဝမ်းနည်းမိပါသည်။ အိမ်မှာဖြစ်ပျက်ခဲ့သည့် အရာများအတွက် နှလုံးသားတွေ ကွဲကြေသွားရသည်။

စိတ်မှန်သည့် ဘယ်သားသမီးကမှ မိသားစုကို ပြိုကွဲစေချင်မှာ မဟုတ်ပါ။

သို့သော် ကျမ့်ယုပေါ်ကို သူတို့ ဘာမှမပြောရဲကြပါ။

အဘယ့်ကြောင့်ဆိုသော် ကျမ့်ယုပေါ် ဘာကြောင့် ဒီလိုလုပ်ရသလဲ သူတို့လည်း နားလညတာကြောင့် ဖြစ်သည်။

သူ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို သူတို့ နားလည်နိုင်ပါသည်။

သူတို့အမေနဲ့ ကျမ့်ယုပေါ်အကြားတစ်ခုခုဖြစ်နေမှန်း သူတို့သိပါသည်။ သူတို့ မသိခဲ့ကြသည့် အရာတစ်ခုခု ဖြစ်မည်။

ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်းကိုမသိသော်လည်း သူ့ကိုအလွန်နာကျင်စေခဲ့တာဖြစ်မှန်းတော့ သိကြပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now