အခန်း(၂၃၃+၂၃၄)

1.3K 140 0
                                    

အခန်း(၂၃၃) ပရဟိတညစာစားပွဲ (၄)

မစ္စချင်း သူတို့နားကထွက်သွားပြီးနောက် တစ်ယောက်ယောက်ကို ချဉ်းကပ်လိုက်ပြီး ဖိတ်ကြားလွှာအကြောင်း မေးမြန်းလိုက်ပါသည်။ "ဘယ်လိုဖြစ်တာလဲ။ ဘယ်လိုဖြစ်ပြီး အထူးဖိတ်ကြားလွှာက မစ္စဟဲယန်လက်ထဲ ရောက်နေတာလဲ"

"မဒမ်။ အထူးဖိတ်ကြားလွှာကို မစ္စဟဲယန်က ပေးတာမဟုတ်ပါဘူး"

"ဟင် ဒါဆို ဘယ်လိုဖြစ်တာလဲ"

"မစ္စဟဲယန်က သာမန်ဖိတ်ကြားလွှာနဲ့ ရောက်လာတာပါ။ အထူးဖိတ်ကြားလွှာကိုယူလာတဲ့လူက မစ္စကျမ့်လေးပါ။ သူတစ်ယောက်တည်းလာခဲ့တာ။ ဒီလိုကလေးမလေးလက်ထဲ အထူးဖိတ်ကြားလွှာတစ်စောင်ရှိနေတာ ကျွန်တော်လည်း ထူးဆန်းတယ်လို့ ထင်မိတယ်"

ထိုအဖြေကို ကြားသောအခါ မစ္စချင်း ပို၍ပင် ခေါင်းရှုပ်ကာ စိတ်ရှုပ်သွားရသည်။

မစ္စကျမ့်လေးက ဓာတုဗေဒပညာမှာ အလွန်ပါရမီပါသည်ဟု သူမယောက်ချားပြောတာကို မစ္စချင်း ကြားဖူးပါသည်။ ဓာတုဗေဒစွမ်းရည်ပြိုင်ပွဲတစ်ခုမှာ ပထမဆုကို ရရှိခဲ့သည်။

သို့သော်လည်း ထိုကိစ္စက အထူးဖိတ်ကြားလွှာနဲ့ ဘာမှ မသက်ဆိုင်ပါ။

ဒီနေ့ည ပရဟိတညစာစားပွဲအတွက် သူမယောက်ျားကို အထူးဖိတ်ကြားလွှာများပို့ခွင့် ပေးမထားပါ။

"မဒမ်၊ မစ္စကျမ့်လေးကို မေးကြည့်ပေးရမလား"

"မလိုတော့ဘူး။ ဒီသခင်မလေး ဖိတ်ကြားလွှာကို ဘယ်ကရလာသလဲ အရေးမကြီးဘူး။ ကျိန်းသေပေါက် နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုခုတော့ ရှိလိမ့်မယ်။ ပွဲစီစဉ်သူဖြစ်တဲ့ ငါတို့က ဒီကိုရောက်လာတဲ့လူတိုင်းကို ဂရုစိုက်ပေးရမှာပဲ"

"ဟုတ်ကဲ့ပါ မဒမ်"

ရုတ်တရက် အခမ်းအနားထဲက လူအားလုံး ဗြောင်းဆန်သွားကြသည်။ သူတို့ရဲ့ အာရုံစိုက်မှုက ဝင်ပေါက်ရှိ အသစ်ရောက်လာသူတစ်ယောက်ထံကို ရောက်ရှိသွားကြသည်။

အားလုံးလှည့်ကြည့်နေကြတာကိုမြင်သောအခါ ကျမ့်ယုမင်လည်း သူတို့ကြည့်ရာကို လိုက်ကြည့်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now