အခန်း(၂၄၃) Forum ပျက်တဲ့အထိ ပို့စ်ကိုဖျက်ခြင်း
ဟွေ့ယူအလွန်လျှင်မြန်စွာ ပြောလိုက်ပါသည်။ ဖုန်းပြောနေရင်းနဲ့ပင် ကီးဘုတ်ရိုက်သံများကို ကျမ့်ယွင်ချန်းဖုန်းထဲက ကြားနေရ၏။
"ဒါဆို မင်းဘာလို့ ဘာမှမလုပ်သေးတာလဲကွ" ကျမ့်ယွင်ချန်းက စိတ်မရှည်သည့်လေသံဖြင့် မေးလိုက်ပါသည်။
"ဟ ငါ့ကို အသုံးမကျဘူးလို့ အပြစ်လာတင်နေတာလား"
"အေး ဟုတ်တယ်။ ရှန်းဟွာအထက်တန်းကျောင်း Forum ရဲ့ လုံခြုံရေးက နိမ့်တယ်လို့ မင်းပဲငါ့ကို ပြောခဲ့တာ မဟုတ်ဘူးလား"
"အေး ဟုတ်တယ်လေ! မင်းအတွက် ငါချက်ချင်း ဖျက်ပေးလို့ရတယ်! ဒါပေမယ့် ဒီမှာ ကုဒ်ဆရာကြီး တစ်ကောင် ဘာလို့ရှိနေတာလဲ။ အခု ငါ့ကိုလာတိုက်ခိုက်နေတဲ့ ပညာရှင်က ဘယ်သူလဲ"
"မင်းဘယ်သူ့ကို ပြောတာလဲ"
"အမ်.... လူနားလည်အောင်ပြောရရင် မင်းညီမရဲ့ပို့စ်ကို ငါကလိနေတုန်း တခြား Hacker တစ်ယောက်နဲ့ သွားတွေ့တယ်။ အခု ငါတို့ တိုက်ပွဲဖြစ်နေပြီကွ! "
ထို့ကြောင့် ယခု ဟွေ့ယူ အလွန်အလုပ်များနေရခြင်း ဖြစ်ပါသည်။ လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ ပျံသန်းနေရသည်။
ထိုစကားကိုကြားသောအခါ ကျမ့်ယွင်ချန်းက သူ့ကို တွန်းအားမပေးဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။ ထို့ကြောင့် ၅ မိနစ်လောက် စောင့်ကြည့်နေလိုက်သည်။ ၅ မိနစ်ကြာသောအခါ ဟွေ့ယူအော်သံကို ကြားလိုက်ရပါသည်။
"ဘာလဲဟ ဘုရားရေ!"
"မင်းရှုံးပြီလား"
"ယွင်ချန်း ငါ့ကိုအဲ့လောက်မယုံကြည်နဲ့လေကွာ..."
"ဒါဆို နိုင်တယ်ပေါ့"
"အာ... အဲ့လိုလည်း မဟုတ်ဘူး..."
"ဒါဆို ဘာလို့ထအော်တာလဲ"
"အဲ... ငါတို့နှစ်ယောက်စလုံး နိုင်လည်းမနိုင် ရှုံးလည်း ရှုံးမသွားဘူး။ ဒါပေမယ့် ငါတို့ကြောင့် Forum ကြီး ပျက်သွားပြီ..."
ထိုအကြောင်းကိိုကြားတာနဲ့ ကျမ့်ယွင်ချန်းက ဟွေ့ယူကို လေးလေးနက်နက်လေသံနဲ့ ပြောလိုက်ပါသည်။ "မင်းမှာ ပြင်ဖို့ အချိန် တစ်နာရီ ရှိတယ်"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။