အခန်း(၃၁၅) ချင်းချွမ်ကို ချင်းမိသားစုတွေ့သွားပြီ
"အဲ့တာက... ကျွန်တော်လည်း သေချာမသိပါဘူး"
ယွီစစ်မြင်ပြန်ဖြေလိုက်သည်။ ယွီစစ်မြောင်က သခင်ကြီးကျိုက်လောက်တော့ သတင်းမကြွယ်တာ သိသာပါသည်။ "ဒါပေမယ့် ချင်းမိသားစုရဲ့ ချင်းရှစ်ရွှမ် ဟန်းယွမ်မြို့ကိုရောက်နေတာတော့ တော်တော်ကြာပါပြီ"
ဟန်းယွမ်မြို့ကို ချင်းရှစ်ရွှမ်လာရောက်ခဲ့ရသည့် အကြောင်းအရင်းကို ခန့်မှန်းဖို့က မလွယ်ကူခဲ့ပါ။
ဒါတွေက ချင်းမိသားစုနဲ့ သက်ဆိုင်သည့်အရာတွေပဲ ဖြစ်သည်။ ဟန်းယွမ်မြို့မှ သူတို့လို အသေးစား မိသားစုတွေ မေးမြန်းနိုင်သည့်ကိစ္စမျိုး မဟုတ်ပေ။
"သြော်... အနည်းဆုံးတော့ သူတို့မှာ တရားမဝင်သား တစ်ယောက်ရှိနေပါသေးတယ်။ ငါ့မိသားစုထဲက နှစ်ကောင်ကျတော့ ဘာလို့ တရားမဝင်သားနဲ့ တရားမဝင်မြေးတောင် မပေးနိုင်ကြတာလဲ...."
သခင်ကြီးကျိုက် ဒီကိစ္စကို စိတ်ထဲက လုံးဝ ထုတ်မရပါ။
အတွေးတွေက ထိုလမ်းကြောင်းဘက်ကိုပဲ ပြန်လည် ဦးတည်လာခဲ့သည်။
ဒီစွဲလမ်းမှုက... အတော်လေးနက်ရှိုင်းသည့် စွဲလမ်းမှု တစ်ခုသာဖြစ်ပါသည်။
--- --- ---
ချင်းချွမ်၏ အဆောင်အခန်းဖော်များက ချင်းချွမ်ကို ဆွဲခေါ်လာပြီး သူတို့နဲ့အတူတူ 'ဇာ့ဂ်ကျူးကျော်မှု' ဆုဖလားပြိုင်ပွဲမှာ စာရင်းသွင်းခိုင်းလိုက်ပါသည်။
"ချင်းချွမ် ငါတို့ အလုပ်တွေအများကြီးကြိုးစားခဲ့ရတာကွာ! ဒီတစ်ခေါက်တော့ ဒီဆုဖလားပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး နည်းနည်းအပန်းဖြေကြစို့!"
သူတို့တောင်းဆိုချက်ကို ချင်းချွမ် သဘောတူလိုက်သည်။ သူဂိမ်းကစားပြီး အပန်းမဖြေရတာလည်း တကယ်ကြာပါပြီ။
ယခင်တုန်းက ဂိမ်းတွေကို ကစားခဲ့ရခြင်းမှာ ဂိမ်းသဘာဝနဲ့ ဂိမ်းလောကအကြောင်းကို နားလည်ဖို့ ဖြစ်သည်။
သို့သော်လည်း ထိုအချိန််တုန်းက ဂိမ်းတစ်ခုကို လေးလေးနက်နက် ကစားဖို့ စိတ်မပါခဲ့ပါ။ သူ့အမေ၏ ကျန်းမာရေးနဲ့ ငွေရေးကြေးရေး ပြဿနာကိုလည်း စိုးရိမ်ရသေးသည်။ ထို့ကြောင့် သူ့အလုပ်အပေါ်မှာသာ အာရုံစိုက်ခဲ့ရပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။