အခန်း(၃၉၉) ကျမ့်ယုပေါ်ရဲ့ ငယ်ဘဝစိတ်ဒဏ်ရာ (၂)
ထိုသို့ပြောပြီးနောက် ကောင်လေးရှေ့မှာ မှတ်တမ်းကို အမျိုးသမီးက ဆွဲဖြဲလိုက်လေသည်။ ထိုမှတ်တမ်းက ကောင်လေးအတွက် အလွန်အရေးကြီးပြီး အဖိုးတန်ပါသည်။
အဝါရောင်ပြောင်းနေပြီဖြစ်သည့် စာရွက်များက တစ်စစီဖြစ်သွားသည်။ ထိုအစိတ်အပိုင်းများက ကောင်လေး၏ ခြေဖျားနားသို့ ဖြည်းဖြည်းချင်း ကျဆင်းသွားပါသည်။
ကောင်လေးက သူ့ရှေ့ရှိ စာရွက်အစိတ်အပိုင်းများကို ကြည့်လိုက်သည်။ ဖြစ်ပျက်သွားသည့်အရာများကို မတုန့်ပြန်နိုင်တော့သည့်အလား။ ထို့နောက် သူ့အမေကို ပြန်ကြည့်လိုက်သည်။
နောက်ဆုံးစာရွက် အစိတ်အပိုင်းကြမ်းပြင်ပေါ်ကို ကျရောက်သွားသောအခါ ကောင်လေးက သူ့ရှေ့က အမျိုးသမီးကို ရုတ်တရက် ဆောင့်တွန်းလိုက်သည်။ ဒီလိုခွန်အားမျိုး ဘယ်ကရလာသလဲ သူမသိပါ။
သူ့အမေ၏ လုပ်ရပ်ကို ပုံကန်သည့် အပြုအမူဖြစ်သည်။
သို့သော်လည်း အမျိုးသမီးက ပိုလို့တောင် ဒေါသ ထွက်သွားသည်။ သားတစ်ယောက်က ကိုယ့်အမေကိုယ် တွန်းရသလာား။
အမျိုးသမီးက ကောင်လေးကို လှမ်းရိုက်လိုက်သည်။
ကောင်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချက်တွေ တစ်ချက်ပြီးတစ်ချက် ကျရောက်လာပါသည်။
အမျိုးသမီးက ကိုယ့်အမှားကိုယ်သိလားဟု ကောင်လေးကို ဆက်တိုက်မေးနေသည်။
သို့သော်လည်းကောင်လေးက ပြန်မဖြေပေ။
အမျိုးသမီးက လက်ထပ်မြှောက်လိုက်ရာ စားပွဲပေါ်ရှိ ရေနွေးခရားကို မတော်တဆ တိုက်မိသွားသည်။
ရေနွေးတွေက စားပွဲစွန်းမှစီးကျလာပြီး ကြမ်းပြင်ပေါ် ရှိနေသည့် ကောင်လေး ကျောပေါ်သို့ ကျသွားသည်။
ထိုနာကျင်မှုက သူ့ဦးနှောက်အာရုံကြောများအဆုံးသို့ ချက်ချင်းရောက်သွားသည်။ ကောင်လေး၏ မှတ်ဉာဏ်ထဲ ထာဝရ စွဲထင်သွားသည့် အမာရွတစ်ခု ဖြစ်သွားခဲ့သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။