အခန်း(၄၂၁) ကျမ့်ယုပေါ် ရှယ်ယာဝင် အစည်းအဝေးခေါ်ယူခြင် (၁)
ထို့နောက် [Domination] က ပြိုင်ပွဲများကို လဝက်လောက် ထပ်ကစားခဲ့ရသည်။ ထိုကာလအတွင်း သူတို့အဖွဲ့ ရေပန်းစားမှုလည်း အမြင့်ဆုံး ထိုးတက်လာခဲ့ပါသည်။
ပွဲစဉ်များစွာပြီးဆုံးသွားပြီးနောက် [Domination] အဖွဲ့ ဖိုင်နယ်ကို ရောက်လာခဲ့ပါသည်။
နောက်ပိုင်းပွဲစဉ်က နိုင်ငံခြားအဖွဲ့တစ်ဖွဲ့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါသည်။
ဖိုင်နယ်ပွဲကို တစ်ပတ်အကြာတွင် S မြို့တော်ရှိ ဗဟိုအားကစားရုံကြီးတွင် ကျင်းပသွားမှာဖြစ်သည်။
ထိုအချိန်တွင် ပွဲကြည့်ပရိတ်သတ်တွေ ပိုများလာလိမ့်မည်။
ကမ္ဘာတစ်ဝှမ်းလုံးက ပွဲကြည့်သူတွေလည်း ဖိုင်နယ်ကို စောင့်မျှော်နေကြပါသည်။ ဖိုင်နယ်ပွဲအတွက် လက်မှတ်တွေကို စတင်ရောင်းချပြီး သိပ်မကြာခင်မှာပဲ အားလုံး ရောင်းကုန်သွားသည်။
အချိန်ပို ၁ ပတ်လောက် ရသေးသဖြင့် ကျမ့်ယိလင်လေးတို့အဖွဲ့ ဟန်းယွမ်မြို့သို့ ပြန်လာခဲ့ကြပါသည်။
ဒီလဝက်အတွင်း ကျမ့်မိသားစု စီးပွားရေးက အပေါယံမှာတော့ တည်ငြိမ်နေခဲ့သော်လည်း ရှယ်ယာဝင်အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားခဲ့ပါသည်။
ကျမ့်ယုပေါ်က ကျမ့်မိသားစုတွင် အကြီးမားဆုံး ရှယ်ယာဝင်ဖြစ်လာခဲ့သည်။
ကုမ္ပဏီ၏ နောက်ထပ်ဥက္ကဌသစ်လည်း ဖြစ်လာနိုင်ချေ များပါသည်။
ကုမ္ပဏီ၏ အများဆုံးရှယ်ယာဝင်ဖြစ်လာပြီးကတည်းက ကျမ့်ယုပေါ် ဘာမှမလုပ်ရသေးပါ။ အားလုံး တည်ငြိမ် အေးချမ်းနေခဲ့သည်။
အလွန်တည်ငြိမ်နေသဖြင့် ဒီကိစ္စကြောင့် ကျမ့်မိသားစု စီးပွားရေးအပြောင်းအလဲဘာမှ မဖြစ်လောက်ဘူးဟု အားလုံးယူဆခဲ့ကြသည်။
တကယ်တော့ ဟဲယန်တောင် ဒီကိစ္စကိုမသိပါ။
သို့သော်လည်း ကျမ့်ယိလင် ဟန်းယွမ်မြို့သို့ ပြန်ရောက်လာသည့်နေ့တွင် ကျမ့်ယုပေါ် ရှယ်ယာဝင် အစည်းအဝေးပွဲတစ်ခုကို ခေါ်ဆိုလိုက်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။