အခန်း(၃၅၅+၃၅၆)

946 123 0
                                    

အခန်း(၃၅၅) ငိုခွင့်မရှိ

လောင်ရွှေအန်း ပျော်ရွှင်နေတာ အချက် ၂ ချက်ရှိပါသည်။

ပထမတစ်ချက်က သူမအိုင်ဒေါက သူမဆီကို ဖုန်းဆက်လာခဲ့ခြင်းကြောင့်ပင်။ သူမဘဝကြီး ပြီးပြည့်စုံသွားပါပြီ။

ဒုတိယတစ်ချက်က ကျမ့်ယိလင် ကိုယ့်ကိုယ်ကို ကူးမချမှန်း အတည်ပြုချင်နေသည့်လူတစ်ယောက်လည်း ရှိသေးသည်။

ထို့ကြောင့် လောင်ရွှေအန်းက ကျမ့်ယိလင်လေးကို အပျော်မျှဝေပေးဖို့ ဖုန်းဆက်လိုက်ခြင်းဖြစ်ပါသည်။

"ပြီးတော့ကော" လောင်ရွှေအန်းကို ကျမ့်ယိလင် မေးလိုက်သည်။

ကျမ့်ယိလင်လေး၏ နူးညံ့သည့် မေးခွန်းထုတ်သံကိုကြားသောအခါ လောင်ရွှေအန်း၏ ရယ်မောသံ ချက်ချင်းပဲ ရပ်တန့်သွားပါသည်။ "အဲ... ငါဘာမှမပြောခဲ့ဘူး... ဒေါက်တာ F.S လူသိရှင်ကြား ကူညီရှင်းလင်းပေးလိမ့်လို့ ပြောဖို့ စီစဉ်ထားတာ.... ဒါပေမယ့် သူ့အသံကိုကြားတော့ ငါစိတ်လှုပ်ရှားသွားပြီး... ဘာမှမပြောဘဲ ဖုန်းချလိုက်တယ်..."

ဒီတိုင်း... ဖုန်းချလိုက်တယ်တဲ့လား!

ကျမ့်ယိလင်က "ကျွန်မဆက်လိုက်မယ်"ဟု ပြောပြီးနောက် လောင်ရွှေအန်းဖုန်းကို ချလိုက်ပါသည်။ ထို့နောက် ချက်ချင်းပဲ ကျမ့်ယုမင်ကို ဖုန်းဆက်ခဲ့ပါသည်။

လောင်ရွှေအန်း၏ လုပ်ရပ်များ၏ ကျမ့်ယုမင်နားလည်မှုလွဲသွားမှာ ကျမ့်ယိလင်စိုးရိမ်ပါသည်။ သူ့ကို စိတ်မပူစေချင်ပါ။

ဖုန်းဝင်သွားတာနဲ့ သူမ ဘာမှတောင်ပြောခွင့်မရလိုက်ဘဲ ကျမ့်ယုမင်က စပြောလေသည်။ အလွန်ဝမ်းနည်းပြီး စိတ်ပူနေသည့် လေသံမျိုးဖြင့် ပြောလိုက်ပါသည်။

"အာကျယ်မလေး စိတ်မပူပါနဲ့! မငိုနဲ့နော်! မျက်ရည်တွေ ထွက်မလာစေနဲ့! လောင်ရွှေအန်းကို အကူအညီတောင်းဖို့ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် အခြေအနေက အဆင်ပြေမှာပါ! သူက ငါ့ကို ဖုန်းချသွားတယ်... ဒါပေမယ့် စိတ်မပူနဲ့! လောင်ရွှန်းနဲ့ ကျန်တဲ့နှစ်ကောင်ကို ဆွဲခေါ်လာပြီး သူ့ကိုအကူအညီလာတောင်းပေးမယ်။ ကျိန်းသေ အလုပ်ဖြစ်မှာပါ!" ကျမ့်ယိလင်၏ ငိုသံကို ကျမ့်ယုမင် မကြားချင်ပါ။ သူမငိုမှာကို ကျမ့်ယုမင်ကြောက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now