အခန်း(၂၂၉) ရေရှည်ကို မမြင်ဘူး
လူနာခန်းထဲမှာ ဟိုလုပ်ဒီလုပ်လုပ်နေမှာထက် ကျမ့်ယိလင်လေးက အလုပ်ပိုလုပ်ချင်ပါသည်။
ကျမ့်ရှုရှင်းက ချန်းယွီကို အလွန်ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ဒေါက်တာ F.S အကြောင်း မေးလိုက်ပါသည်။ အော်ပရေးရှင်းကို ဆောင်ရွက်ပေးခဲ့သည့် လူအကြောင်း သူအခုထိ စိတ်ဝင်စားနေဆဲဖြစ်သည်။
"ဒေါက်တာချန်း ကျွန်တော် ဒေါက်တာ F.S အကြောင်းမေးချင်လို့။ အော်ပရေးရှင်းက လုံးဝ ပြီးပြည့်စုံစွာနဲ့ အောင်မြင်ခဲ့တာ။ သူ့ကို လူကိုယ်တိုင်တွေ့ပြီး ကျွန်တော်တို့ ကျေးဇူးတင်ချင်လို့ပါ"
ထိုမေးခွန်းကို ကျမ့်ရှုရှင်းမေးလိုက်တာဖြစ်သော်လည်း အခန်းထဲကလူတိုင်းက ချန်းယွီရဲ့အဖြေကို စောင့်မျှော်နေကြပါသည်။
အမှန်ပင်။ ဆေးရုံကုတင်ပေါ်လှဲလျောင်းနေသည့် ကျမ့်ယွင်နော်လည်း အပါအဝင်ဖြစ်ပါသည်။
"ဒေါက်တာ ဖူရှိက လတ်တလော အလုပ်များနေသေးတယ်။ သူအားတဲ့အချိန်ဆိုလို့ မစ္စတာယွင်နော်အတွက် ခွဲစိတ်ကုသမှုလုပ်ပေးခဲ့တဲ့ အချိန််ပဲရှိတယ်" ချန်းယွီ ပြန်ဖြေလိုက်သည်။ ပုံမှန်အတိုင်းပဲ အပြုံးနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်ခြင်းဖြစ်ပါသည်။
ဖူရှိ...
ဒါက ဒေါက်တာ F.S ရဲ့နာမည်ကို ကျမ့်မိသားစု ပထမဆုံးကြားဖူးတာဖြစ်ပါသည်။
ဖြစ်ချင်တော့ ဒီဆန်းကြယ်တဲ့ ထိပ်တန်းခွဲစိတ်ဆရာဝန်နာမည်က ဖူရှိဟုခေါ်ပါသည်။
"စကားပြောဖို့ ဒေါက်တာF.S ဘယ်တော့လောက် အားမလဲ။ သူ့ကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်ချင်လို့ပါ။ အချိန်အရမ်း မကြာစေရပါဘူး"'
ချန်းယွီပြုံးလိုက်လေသည်။ သူ့အပြုံးက ရွှေရောင်ကိုင်းမျက်မှောင်နောက်က သူ့မျက်လုံးတွေအထိ ရောက်သွားသည်။
"ဒါဆို ဒေါက်တာ F.S ရဲ့ စိတ်ဝင်စားမှုတွေ ဝါသနာတွေအကြောင်းကော သိလား။ သူလိုအပ်တာ ဘာရှိလဲ သိလား"
ကျမ့်ရှုရှင်းက မေးခွန်းတွေ တရစပ် ပစ်လွှတ်လိုက်ပါသည်။
ဒေါက်တာ F.S ကိုကျေးဇူးတင်ကြောင်းပြသဖို့ သူတစ်ခုခုလုပ်ချင်နေပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။