အခန်း(၃၅၉+၃၆၀)

1.3K 161 5
                                    

အခန်း(၃၅၉) ကိုယ့်ဒုက္ခကိုယ်ရှာ

အချိန်အတော်ကြာမှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် မက်ဆေ့များ ပြန်ပေါ်လာပါသည်။

[ဘုရားသခင် ဇာတ်လမ်းက ငါထင်ထားတာနဲ့ လုံးဝခြားနားသွားပြီ!]

[ကျမ့်ယိလင်က အပြစ်မရှိကြောင်း ဖြေရှင်းနိုင်ခဲ့ရုံတင်မကဘူး သူကအရမ်းတော်ကြောင်းကိုပါ ထုတ်ပြလိုက်နိုင်တာလား]

[အဲ့ဒီဆောင်းပါးရေးသားတုန်းက ကျမ့်ယိလင်ပါဝင်ခဲ့တာဆိုရင် သူအဲ့ဆောင်းပါးကို ပြန်တင်ခဲ့တာဆိုရင်တောင် ခိုးကူးမှုမမြောက်တော့ဘူးမလား]

[အဲ့တာဆို တစ်ယောက်ယောက်က ကျမ့်ယိလင်ကို နာမည်ဖျက်ချင်တာပေါ့။ ဒါပေမယ့် ကိုယ့်ရှူးကိုယ်ပြန်ပတ်သလို ဖြစ်သွားပြီမလား]

[ဝိုး... ဘယ်သူက ထင်ထားမှာလဲ။ အရမ်းအံ့သြဖို့ကောင်းတာပဲ! ဒီသတင်းကိုလက်ခံနိုင်ဖို့ ငါအချိန်ယူရမယ်ထင်တယ်]

[ဒါဆို ဒေါက်တာ F.S က ကျမ့်ယိလင်အတွက် တရားမျှတမှုရအောင် ကူညီပေးတာလား]

[နောက်ဆုံးကျတော့ သူခိုးကူးခဲ့တာမဟုတ်ဘူးတဲ့။ တကယ်တော့ အရမ်းပါရမီရှိကြောင်းပါ ပေါ်လာပြီ!]

[ဘုရားသခင်... ဒီရုတ်တရက်အပြောင်းအလဲကြီးက တကယ်ထင်မထားစရာပါလား!]

[ငါက ရှန်းဟွာအထက်တန်းကျောင်းက ကျောင်းသားပဲ! အရင်က ငါဘာပြောခဲ့လဲ! ကျမ့်ယိလင်က ခိုးမကူးပါဘူး ဆိုနေမှ! အဲ့တုန်းကလူတွေ ဘယ်ရောက်ကုန်ပြီလဲ။ မင်းတို့ပြောတဲ့ သက်သေဘယ်မှာလဲ။ ကျေးဇူးပြုပြီး ပြန်တောင်းပန်ကြပါ]

ထိုသက်သေတွေဆိုတာလည်း ခိုင်လုံမှုမရှိတော့ပါ။ ကျမ့်ယိလင် ခိုးကူးသည်ဟု စွပ်စွဲ့သည့် အဖွဲ့အစည်းမှ တစ်ဖက်သက် ထုတ်ပြန်ထားခြင်းသာဖြစ်သည်။

ပို့စ်တင်ထားသည့် ဓာတ်ပုံကလည်း ထိုအဖွဲ့အစည်း၏ ကိုယ်ပိုင် ဝက်ဘ်ဆိုက်မှဖြစ်ပါသည်။

တက္ကသိုလ်တစ်ခု၏ လျှောက်ထားရေးရုံးမှ လူတချို့က ကောမန့်ရေးလိုက်သည်။

[ကျမ့်ယိလင်ကို ကျွန်တော်တို့ ပေကျင်းတက္ကသိုလ်ရဲ့ သီးသန့်ဝင်ခွင့်လျှောက်ထားမှုလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ကြိုဆိုပါတယ်[

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now