အခန်း(၃၁၃+၃၁၄)

1.1K 123 1
                                    

အခန်း(၃၁၃) 'ကလေးမလေး'

သခင်ကြီးကျိုက်ကို ကျိုက်ယွင်ရှန်း ပျင်းရိပျင်းတွဲ ပြန်ဖြေလိုက်သည်။ "အင်းလေ ဒီလိုကြမ်းကြမ်းတမ်းတမ်းယောက်ျားအုပ်ကြီးထဲမှာ ကလေးမလေးတစ်ယောက် အကြောက်လွယ်မှာပေါ့"

သခင်ကြီးကျိုက် ဒေါသတွေထိန်းမရတော့ပေ။ "မင်းတမင်သက်သက်လုပ်နေတာမလား။ မင်းသဘောကျတဲ့ကောင်မလေးကို ငါ့ကိုမပြချင်လို့ လုပ်နေတာမလား"

ကျိုက်ယွင်ရှန်းပုံစံက ဒီလိုဖြစ်လာလေလေ သခင်ကြီးကျိုက်ပိုပြီး စိတ်ဝင်စားလာလေလေ ဖြစ်သည်။ ထို့ကြောင့် ဒီကလေးမလေးဆိုတာကို ပိုပြီးတောင် တွေ့ချင်လာပါပြီ။

ဒီလိုနဲ့ သခင်ကြီးကျိုက်ကြေညာလိုလိုက်သည်။

"အေးပါ ဘယ်လိုပဲဖြစ်ဖြစ် မင်းသူ့ကို စိတ်ဝင်စားနေတာပဲဖြစ်ရမယ်။ မင်းသူနဲ့မတွဲချင်ဘဲ သဘောကျတယ်ဆိုရင် တစ်ခါတည်းလက်ထပ်လိုက်လေ!"

သခင်ကြီးကျိုက်က ကိစ္စမှန်သမျှကို အလောတကြီး လုပ်တတ်သူဖြစ်သည်။ ကလေးမလေးကိုတောင် မတွေ့ရသေးဘဲ သူ့မြေးကို လက်ထပ်ခိုင်းနေပါပြီ။

ကျိုက်ယွင်ရှန်းကို လက်ထပ်ခိုင်းဖို့ သခင်ကြီးကျိုက် ဘယ်လောက်တောင် အလျှင်စလိုဖြစ်နေသလဲဆိုတာ သိသာပါသည်။

ကျိုက်ယွင်ရှန်း အမြန်ရှင်းပြလိုက်သည်။ "တော်တော့လို့။ သူက ကလေးလေးပဲရှိသေးတယ်။ ဘယ်သူမှ သူ့ကို စိတ်မဝင်စားဘူး"

"အဲ့တာဆို ဘာလို့ ငါ့ကိုတွေ့ခွင့်မပေးတာလဲ" ဘာပဲဖြစ်ဖြစ် သခင်ကြီးကျိုက် သူမကို ဒီနေ့တွေ့ရမှ ဖြစ်မည်ဟု စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

ယွီရှိပို့ခဲ့သည့် ဓာတ်ပုံကိုမြင်ပြီးကတည်းက သူအမြဲတမ်း တွေးနေခဲ့တာဖြစ်သည်။

"သြော် တွေ့ချင်သပဆိုလည်း သွားတွေ့လိုက်လေ။ သဘောအတိုင်းသာလုပ်"

ကျိုက်ယွင်ရှန်း သခင်ကြီးကျိုက်ကို မတားတော့ပေ။

ဒီလိုနဲ့ သခင်ကြီးကျိုက် ယွီရှိဘက်ကို ခေါင်းပြန်လှည့်လာခဲ့သည်။ "ဟုတ်ပြီ။ ယွင်ရှန်းက ငါ့ကိုတွေ့ခွင့်ပေးလိုက်ပြီ။ သူ့ဆီ ငါ့ကိုလိုက်ပို့စမ်း"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now