CH - 1

24.2K 1.2K 62
                                    

ဖေဖော်ဝါရီ ၈ ရက် တနင်္လာနေ့
သာယာသောရာသီဥတုပိုင်ဆိုင်သည့် နေ့တစ်ရက်

မနက်အစောပိုင်းမှ စ၍ Galaxy အင်တာတိန်းမန့်ရှိ ဌာနဒါရိုက်တာမှ စ၍ တံခါးစောင့်နှင့် သန့်ရှင်းရေးလုပ်သားများ အထိပင် အလုပ်များနေကြသည်။

အခြားအဆင့်မှ ဝန်ထမ်းများမှာလည်း မိမိတို့လုပ်ငန်းနှင့် ပက်သက်သော ကိစ္စရပ်များအား အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်နေကြသည်။

အဘယ်ကြောင့်ဟုမေးလာလျှင် အဖြေသည်မှာ တစ်ခုတည်း-
သူတို့၏ အင်တာတိန်းမန့်သို့ သူဌေးအသစ် ရောက်လာမည်ဖြစ်သောကြောင့်ပင်။
ပြင်ဆင်စရာရှိသော ကိစ္စရပ်များအား ပြင်ဆင်ပြီးနောက်တွင်
ရုံးရှိဝန်ထမ်းအားလုံး ပျိုပျိုအိုအို ကျားမမရွေး နေရာတွင် ငြိမ်ငြိမ်မနေနိုင်ကြတော့ဘဲ ကုမ္ပဏီ အဝင်ဝတွင် လတ်လျားလတ်လျားဖြင့် လမ်းသလားကာ
သူဌေးအသစ်အား မြင်ရရေး တို့အရေး လုပ်နေကြတော့လေသည်။
ပြီးခဲ့သော နှစ်များအတွင်း ယိုယွင်းလာသော သူတို့ ကုမ္ပဏီအား ဝယ်ယူရန် စိတ်ဝင်စားသူဦးရေမှာ လက်ချိုးရေတွက်၍ ရနိုင်သည်။

ပြိုင်ဘက်အခြား အင်တာတိန်းမန့်များ ကဲ့သို့ သူတို့ Galaxy အင်တာတိန်းမန့်မှ ဇာတ်ကားများ ရိုက်ကူးခြင်း သရုပ်ဆောင်များအားပျိုးထောင်ခြင်း
ရုပ်သံများ ရိုက်ကူးထုတ်လုပ်ခြင်းများ ဆောင်ရွက်သော်လည်း အောင်မြင်မှုနှင့်ပို၍ ပို၍ အလှမ်းဝေးကာ လာလေသည်။
Galaxy အင်တာတိန်းမန့် စတင်တည်ထောင်သည့် လွန်ခဲ့သော ၅ နှစ်မှစ၍ ကြုံတွေ့ရသော အရှုံးများမှာ ရေတွက်၍ ပင် မရတော့။
သို့ရာတွင် မမျှော်လင့်ထားသောအံ့သြဖွယ် အခြေအနေတစ်ခု ပြီးခဲ့သည့် နွေဦးရာသီ အားလပ်ရက်အကြိုနေ့တွင် ကုမ္ပဏီ အနေဖြင့် ကြုံတွေ့ရလေသည်။
Galaxy အင်တာတိန်းမန့်အား ဝယ်ချင်သူ တစ်ဦး ကုမ္ပဏီ တံခါးရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကာ ကုမ္ပဏီအား ဝယ်ယူသွားလေတော့သည်။

မနက်ပိုင်း ၁၀:၃၀ အချိန်
ပြင်သစ်ဝိုင် (အနီမှိုင်းမှိုင်း) ရောင်ရှိသည့် Bentley ကားတစ်စီး ကုမ္ပဏီရှေ့တွင် ပါကင်ထိုးကာ ရပ်လိုက်လေသည်။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Wo Geschichten leben. Entdecke jetzt