ထိုအပိုင်းအား ပြသသည့် အချိန်တွင် အင်တာနက်သုံးစွဲသူများကြား အရူးအမူး ဂယက်ထကုန်ကြတော့သည်...
အထူးသဖြင့် ချောက်နက်တစ်ခွင်တွင်သာ နေရာ ယူခဲ့ရသည့် HaLo CP ၏ ကနဦး ဖန်အဖွဲ့မှာ ကမ္ဘာကြီးလောကကြီးသည် ထူးဆန်းအံ့ဩဖွယ်ရာများ နှင့် ပြည့်နှက်သည် ဟူသော စကားမှာ မှန်ပေသည်ဟု ခံစားမိနေကြသည်..
ကနဦးတွင် လူသိပ်မသိသည့် CP သည် အင်အားပြင်းထန်ကာ ကျော်ကြားလှ သည့် နတ်ဆိုး CP နှင့် အတူတူတွဲကာ ရသစုံရှိုး ရိုက်မည်ဟု သူတို့ စသိခဲ့ချိန် က နတ်ဆိုး CP နှင့် ယှဉ်ပြိုင်လိုက်မည်ဟူသော အတွေးမျိုး သူတို့တွင် မရှိခဲ့.. တနင်္ဂနွေနေ့ ည (၈) နာရီတိုင်း ကိုယ့်ပါးစပ်ကိုယ် အချိုကျွေးနိုင်ရန် အတွက် သာ စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်...သို့သော် ယခုအချိန်တွင်မူ ထိုအချိန် ရောက်တိုင်း သူတို့နှင့်အတူ ခွေးစာစားရန် စောင့်ကြည့်သည့် လူအများအပြား ရှိနေခဲ့လေပြီ....
ထို့အပြင် ရသစုံရှိုးရိုက်ကူးရေး ပြီးဆုံးခါနီးလာလေလေ သူတို့၏ ပါးစပ် ထဲသို့ အချိုသကာ လောင်းခံရလေလေ ဖြစ်လာသည်...
ယနေ့အတွက် ပြသသည့် episode မပြီးခင်ကတည်းကပင် ဖိုရမ်ပေါ်တွင် စာများက အထပ်မြင့်အဆောက်အဦးသဖွယ် ဖြစ်နေလေပြီ...
{သူက ကျွန်တော့်ကို acc add ခွင့် ပြုမထားလို့တဲ့.... ကယ်ကြပါဦးဗျို့... နားထဲ ကြားတဲ့စကားကို ဦးနှောက်က ကြိုက်သလို အဓိပ္ပါယ် ပြန် နေလို့ရမရ လင်း ပေးကြပါဦးလို့...?}
{တင်းကျပ်တဲ့ စီမံခန့်ခွဲမှု့ ရှိနေတယ်လို့ ပြောတာလည်း ဖြစ်နိုင်တာပဲလေ..}
{ဟုတ်တာပေါ့... ဒီလို စကားကြားရင် ဘယ်သူမဆို ထင်ချင်ရာ ထင်တတ်တဲ့ ထုံအ တဲ့လူ ဖြစ်သွား မှာပါပဲ... ငါဆိုတဲ့ လူ ကလည်း ထုံအ ဂိုဏ်းဝင် ကြီးပါလို့...}
{ ထောင်ပေါင်းများစွာသော စစ်သည်တော်ဆိုတဲ့ CP နံရံကြီးကို ကျော်တက် သွားခဲ့တဲ့ သူတို့နှစ်ယောက်ကို ဘယ်အချိန် လက်ထပ်မှတ်ပုံတင် ထုတ် ပေးမလဲလို့ မြို့ပြဗျူရိုကို မေးချင်ပါတယ်}

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...