CH - 92

2.3K 335 2
                                    



Happy Birthday.

ဟိုတယ်သို့ ပြန်ရောက်ချိန်တွင် ရှောင်ခယ့်သည် စားသောက်ဆိုင်မှ ဟင်းပွဲ အချို့အား ထုပ်လာကာ အခန်းထဲတွင် ပြင်ပေးသွားရင်း စဉ်းစားဉာဏ် အပြည့် ဖြင့် တံခါးကိုပင် ပိတ်ပေးကာ ထွက်ခွာသွားလေတော့သည်...

လှည့်စားခံလိုက်ရသည့် စုန့်ယွင်ရန်လေးမှာ သာမာန်အချိန်သာ ဆိုပါက အော်ခြင်းဟစ်ခြင်း ပြုလုပ်လိမ့်မည်သာ...

သို့သော် အခုအခေါက်တွင်မူ သူ၏ လုပ်ငန်းဆောင်တာတွင်လည်း အမှား အယွင်း အချို့ရှိခဲ့သည် ဖြစ်လေရာ ယခုကိစ္စအား သိပ်အလေးမထားနိုင်ရှာ ချေ... ထို့ကြောင့် လေသံ တိုးတိုးဖြင့် " ငါ့မှာ ခရီးရှည်ကြီးတောင် လာခဲ့ရတာ.. ဒီကိုလာဖို့အရေး သူငယ်ချင်းတွေနဲ့ လည်ပတ်ဖို့ ကိုတောင် ဖြတ်ခဲ့ရတဲ့အပြင် လှည့်ခဲ့ပတ်ခဲ့ရသေးတယ်... ဒီ တစ်နှစ်လုံး အလုပ်ရှုပ်နေ တာ ဆိုတော့ သူတို့နဲ့ မတွေ့ရတာတောင် အတောင်ကြာနေပြီရယ်... ပြီးတော့ အပျော်စီးသင်္ဘောကြီးကိုတောင် ဆိပ်ကမ်း မှာတင် ရပ်ခိုင်းထား ခဲ့ရတာ.... ငါ ဘယ်လိုတွေ တွေးပြီး ဒီရောက်လာတယ်ဆိုတာ စဉ်းစားလို့ ကို မရတော့ဘူး..."

မကျေမနပ်ပွစိပွစိဖြင့် ညည်းညူနေသည့် ရှောင်စုန့်လေးစကား အလုံးစုံအား ချင်ကဲ သေသေချာချာ နားမလည်လိုက်သော်လည်း ယေဘုယျအဓိပ္ပါယ်အား ခန့်မှန်းနိုင်လိုက်လေသည်... တူအား ချလိုက်ကာ မေးခွန်းထုတ်လိုက် လေတော့သည်...

" သူငယ်ချင်းတွေနဲ့ ကစားဖို့ အချိန်အများကြီးရှိတာကို ကိုယ့်အတွက် ကျတော့ နေ့တစ်ဝက်လေးတောင် အချိန်မပေးချင်ဘူးပေါ့ အဲ့လိုလား..?"

"ဒါပေမဲ့ မင်းလည်းငါ့ကို မညာသင့်ဘူးလေ..."

တွေးတွေဆဆဟန်ဖြင့် " ဒီလို မကောင်းတဲ့ ကိစ္စတွေ တနေကုန် လေ့လာ နေတာ ဘယ်သူမှတ်လို့..."

ချင်ကဲသည် ရှောင်စုန့်အား လှမ်းကြည့်ကာ " ကိုယ်က မင်း ဒီနေရာမှာ ပျော်စရာ မရှိဘူးဆိုပြီးတွေးထားမှာစိုးလို့လေ... အဲ့လိုဆိုရင် မင်းရဲ့ မွေးနေ့ကို ဒီမှာလာပြီး ဘယ်ကျင်းပပါ့မလဲ...."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now