CH - 52.1

3.4K 555 13
                                    

ကော်ရစ်တာ တလျှောက်လုံး တိတ်ဆိတ်မှု့ကြီးစိုးသွားလေတော့၏..

ချင်ကဲ တစ်ယောက် မျက်လွှာချက စူးစူးစိုက်စိုက် နှင် ရှောင်စုန့် ကျောပြင်အားငေးကြည့်နေလေသည်...

ရှောင်စုန့်ဆံပင်များမှာ အမြဲလို ပွပွလေး ဖြစ်နေလေရာ  အိမ်နေရင်း ဆံပင်ပုံစံလေးမှာ  ပို၍ပင် ဖွာတာတာလေး ဖြစ်နေလေ၏....
ဆံပင်အား သပ်တင်ထားသော လက်ချောင်းလေးများ ကြားက လွတ်ထွက်လာသည့် ဆံသားနက်နက်လေးများမှာ လည်ပင်း ဖြူဖြူလေးပေါ်တွင် ဝေ့ဝဲကာ ကျနေလေသည်...

ကော်ရစ်တာ တလျှောက်မှ မီးရောင် ဖျော့ဖျော့လေးများက ငေါထွက်နေသော ကျောရိုးလေးအား ပေါ်လွင်ထင်ရှားလေ၏...

မြင်ကွင်း တစ်ခုလုံးသည်ကား ညှို့ယူဖမ်းစားနိုင်သည့် အရည်အသွေးများဖြင့် ပြည့်ဝနေလေတော့သည်....

သူ ရှောင်စုန့်ထံမှ လတ်တလော ကြားလိုက်ရသည့် ဖိတ်ခေါ်စကား နှင့် ပေါင်းလိုက်ပါက အတွေးပေါင်း မြောက်မြားစွာ တွေးမိရန် လုံလောက်သွားလေပြီ....

သို့သော် ရှောင်စုန့်ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသည့် ဒီ အဖြစ်အပျက်မှာ ပုံမှန် အခြေအနေအတိုင်း နားလည်ရန် မဖြစ်နိုင်သည်မှာ ပြောရန် မလိုပေ....

မလှုပ်မယှက် ဖြစ်နေသည့် ချင်ကဲ နှင့် မစောင့်နိုင်တော့သော ရှောင်စုန့်တို့ တွေ့ကြလေပြီ....

သူ့(ရှောင်စုန့်) မျက်နှာလေးအား တစ်ဝက်လှည့်ကြည့်ကာ " ဘာလို့ ကျောက်ချထားသလို ရပ်နေရတာတုန်း... မြန်မြန် လုပ်လေ..."

ချင်ကဲ တစ်ယောက်သူ့ နှုတ်ခမ်းထောင့်စွန်းလေးအား ဖိချကာ အတွေးပွားမိသည်မှာ
' အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတဲ့ မြင်ကွင်းပါလားကွာ.... ဒီ မြင်ကွင်းကို တွေ့တဲ့လူတိုင်း ဒီစကားတွေကိုပဲ ပြေးမြင်ကြမှာရယ်...
ငါးဖမ်းနိုင်သည်..သို့သော် ငါးဖမ်းစည်းမျဉ်းများအား သေချာပေါက်လိုက်နာရမည်..'
(T/N- ရမ်းပြန်သည်)

ထိုသို့ အတွေးပေါက်သွားသည်နှင့် ချင်ကဲထံမှ မြင်ရခဲသည့် အမှောင်ထုကြီး ဖယ်ရှားသွားကာ ပုံမှန်အခြေအနေ ပြန်ရသွားလေပြီ...
တံခါးထက်သို့မှီချလိုက်ကာ " ဒီဟာက ဘယ်ဂိမ်းအသစ်ထဲမှာ ပါတဲ့ ကစားနည်း အသစ်လဲဗျ...?

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now