စုန့်ယွင်ရန်မှာ အံ့သြမှု့ ကြောင့် လဲကျမတတ် ဖြစ်သွားရှာသည်...
ဝတ္ထုထဲတွင်ကား ချင်ကဲ "သိုင်းလောက မှ လမ်းမများ..."ဇာတ်ကား တွင် ဒုတိယ ဇာတ်လိုက်နေရာ ရခြင်းအကြောင်းအား အချက် ၃ ချက် ဖြင့် တိတိကျကျ ဖော်ပြထားသည်...
ထိုအချိန်က ချင်ကဲ၏ အေးဂျင့် မှာ အရင်းအမြစ်များစွာ ရှိသည့် ရှုဖိန်ဖြစ်ရခြင်းသည်က ပထမ အချက်ဖြစ်ပေသည်...
ဒုတိယ အချက်မှာ "Happy and White " ဇာတ်ကား၏ အောင်မြင်မှု့ ကြောင့် ဖြစ်ပြီး...
တတိယအချက်အနေဖြင့် ချင်ကဲ၏ သရုပ်ဆောင် အရည်အချင်းအား ဒါရိုက်တာ အဖွဲ့မှ မျက်စိကျသွားခြင်း ကြောင့် ဖြစ်၏...
ထိုအကြောင်းအရာများ ဆုံစည်းသွားမှု့ က ချင်ကဲအား သိုင်းလောက က လမ်းမများ ဇာတ်လမ်းတွင် သူ ဒုတိယ ဇာတ်လိုက်ရခြင်း ၏ အကြောင်းများပင် ဖြစ်သည်...
ယခု အချိန်တွင် ထိုမရှိမဖြစ် အချက် ၃ ချက်လုံး တွင် မရှိသည်က မရှိ မဖြစ်သေးသည်က မဖြစ်သေးပေ...
နောက် နှစ်ဆုံး နှစ်ချက် အတွက်မူကား ပြဿနာမရှိ...
သို့သော် အရင်းအမြစ်ကြွယ်ဝသည့် ရှုဖိန်နေရာသည်ကား ဂလက်ဆီ၏ ချန်ကျင်း က အစားထိုး သွားလေပြီ...
ချန်ကျင်းတွင် သိုင်းလောကက လမ်းမများ ဇာတ်ကား တွင် ချင်ကဲ Audition ဝင်ရန် အတွက် အဆက်အသွယ် မရှာနိုင်ပါက ကုမ္ပဏီ နာမည်သုံး၍ ထို ဇာတ်ကားတွင် ရင်းနှီးမြှုပ်နှံ၍ ချင်ကဲအတွက် နေရာတစ်နေရာ ဖန်တီး ပေးမည်ဟုပင် စုန့်ယွင်ရန် စိတ်ကူးရှိ၏...
သို့သော် ထိုစိတ်ကူးအားလုံးသည်ကား...!
ချင်ကဲ ရရှိမည့် ဒုတိယ ဇာတ်လိုက်မင်းသား နေရာ ပေါ် အခြေခံ၍ သူစဉ်းစားထားခြင်းဖြစ်၏...
စုန့်ယွင်ရန်သည် အချိန်အတော် ကြာမှသာ စိတ်ငြိမ်သွားရှာတော့၏...
"ဘယ်လိုဖြစ်ပြီး ခေါင်းဆောင်မင်းသားနေရာအတွက် ပြိုင်လိုက်ရတာလဲ...?"
ချင်ကဲ သေသေချာချာတွေး၍ အဖြေပြန်ပေးလိုက်သည်...
"ကျွန်တော် သရုပ်ဆောင်အရမ်းကောင်းလို့လေ..."

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...