ဇာတ်ကားရုံတင်ပြီး နှစ်ရက်အကြာ...
ဂလက်ဆီ၏ ဥက္ကဌ ရုံးခန်းအတွင်းဝယ် ပျော်ရွှင်ကျေနပ်နေသည့် လေထုနှင့် ပြည့်နှက်နေလေသည်...
" သန်းသုံးရာ ..??!! ကျွန်တော် နားကြားမှားတာတော့ မဟုတ်ဘူးမလား."
စုန့်ယွင်ရန်သည် ခေါင်းလေးမော့က ပျော်ရွှင်မှုအပြည့်နှင့် ကြားလိုက်သည့်စကားအား အတည်ပြုနေလေသည်...
သူနှင့်မျက်နှာချင်းဆိုင်နေရာတွင် ရှိနေသည့် လက်ထောက်တန်က အဖြေပြန်ပေးလာ၏..
" ဟုတ်ပါတယ်ဗျ... သန်း သုံးရာပါ... Movie App တွေမှာလည်း ဇာတ်ကားရဲ့ rating က အရမ်းကို မြင့်မားတဲ့ အနေအထားရထားပါသေးတယ်.... ဒီ ငွေပမာဏ နှစ်ရက်စာ Box office လေးပဲရှိသေးတာပါ.... ရုံတင်ရက် တစ်ပတ်ပြည့်တဲ့ အချိန်ကျရင် ရုံတင်ဝင်ငွေက ၁.၅ ဘီလီယံ ထိရောက်သွားနိုင်ပါတယ်ဗျ..."စုန့်ယွင်ရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်လေသည်....
ရုံတင်ဝင်ငွေ report ကြောင့် အပျော်လွန်က မူးဝေဝေပင် ဖြစ်နေသည့် အရေးမှ လွတ်မြောက်ရန် အတွက်ပင်...အရင်ဘဝက ဒီကား၏ ၂ ရက်စာ ရုံတင်ဝင်ငွေကို သူ မမှတ်မိပေ... သို့သော် Happy and white ဇာတ်ကား၏ နောက်ဆုံး ရုံတင်ဝင်ငွေစုစုပေါင်းမှာ ၁.၅ ဘီယီလံ တိတိရခဲ့ကြောင်းကို သူ သေချာမှတ်မိ၏..
အရင်ဘဝက ဇာတ်ကား၏ ထုတ်လုပ်ရေး ကုန်ကျစရိတ် နှင့် နှိုင်းယှဥ်ပါက ထိုအချိန်က ရခဲ့သည့် ဝင်ငွေမှာ အတော်ပင် အထင်ကြီးဖွယ် ကောင်းခဲ့လေသည်...
သို့သော် သူ ပါဝင်ပတ်သက်ခဲ့သည့် ယခုဘဝ၏ ဒီဇာတ်ကားဝင်ငွေမှာ ပထမ အစမှာတင် ဤမျှ အထင်ကြီးဖွယ် ကောင်းမည်ဟု စုန့်ယွင်ရန် ကိုယ်တိုင်ပင် မျှော်လင့်မထားမိပေ.....
ဒီလောက် အောင်မြင်အောင် လုပ်နိုင်တဲ့ ငါ့ အစွမ်းအစကို ကျေးဇူး တင်သင့်.... ငါ့လို စီးပွားရေး ဥာဏ်ကြီးရှင် သာ ဒီပွဲကို ဝင်မကခဲ့ရင် ဒီ " Happy and White " ဇာတ်လမ်းကြီးက ဒီလောက်အောင်မြင်ပါ့မလားလေ ... ဟင်းဟင်း....
သွားလေးများပင်ပေါ်အောင် ပျော်ပျော်ရွှင်ရွှင်နှင့် အားပါးတရ ရီကာ " အစတုန်းက ဒီကားကို အကောင်းမမြင်တာ ဘယ်သူပါလိမ့်နော်...? ခင်ဗျား ဘာမှားတယ်ဆိုတာ အခုတော့ သိသွားပြီ မလား လက်ထောက်တန်ကြီး ရ.."

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...