ချင်ကဲ၏ သူ့အပေါ်ထားရှိသည့် အတွေးအား သူသဘောမကျသော်ငြား အခြားလူများက သူ့ကို Bully လုပ်ခြင်းအား သူခွင့်မပြုနိုင်...ထိုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခံရခြင်းအားသူတကယ်မကြိုက်...
မိမိ၏ သားဖြစ်သူက ကျောင်းတွင် လူမသိသူမသိ အကြမ်းဖက်ခံရခြင်းအား သိသွားသော ဖခင်တိုင်း က ထိုအခြေအနေမျိုးအား အသာရပ်ကာကြည့်နေလိမ့်မည်မဟုတ်..အမှောင်ထဲတွင် ပုန်း ကွယ်နေ သော လူအား ရှာဖွေ ဖော်ထုတ်ကာ ထိုလူ၏ မိဘများ မမှတ်မိသည်အထိ ရိုက်နှက်ပစ်ကာ သားဖြစ် သူ အတွက် လက်တုန့်ပြန်ကြ ပေလိမ့် မည်...
ထိုအကြောင်းအား တွေးမိသည်နှင့် စုန့်ယွင်ရန်၏ အဖေတာဝန်ကျေခြင်စိတ်များ က ဖိနှိပ်ထားသည့် အတွင်းစိတ်တစ်နေရာ မှ ရုန်းထွက်လာလေတော့သည်။ ထို့နောက် ဖုန်းအားထုတ်ကာသူအတော်ကြာ ပလစ်ထားသည့် contact ထဲမှ ချင်ကဲ၏နာမည်အား စာပို့လိုက်တော့၏..။
"အိမ်မှာရှိလား?"
တစ်မိနစ်ခန့်ကြာပြီးနောက် ချင်ကဲထံမှ ပြန်စာရောက်လာ၏ ; " အင်း"
စုန့်ယွင်ရန်သည် ချက်ချင်းပင် အောက်ထပ်သို့ ပြေးဆင်းကာ ချင်ကဲ အိမ်ရှိ လူခေါ် bell အား နှိပ်လိုက်လေတော့သည်..။
တံခါးပွင့်လာသည်နှင့် အလောတကြီးနှင့် မေးလိုက်တော့၏ ;
"ကျွန်တော့ကို အမှန်အတိုင်းပြော...အဆုံးသတ်က....."
နောက်စကား တစ်ခွန်းအား အဆုံးထိဆက်မပြောနိုင်ဘဲ တစ်ဝက်တစ်ပျက်နှင့်ပင် ရပ်သွား၏...
ချင်ကဲသည်ကား ရေချိုးပြီးခါစ ဖြစ်ဟန်တူ၏...သူ့တွင် ဆံပင်အား မှုတ်ကာ အခြောက်ခံရန်ပင် အချိန် မရသေးပုံရ၏..။
သူ၏ ရေစိုနေသည့် အနက်ရောင် ဆံပင်မှ ရေစက်အနည်းငယ်သည် သူ၏ လှပထက်ရှသော မေးရိုး ဆီမှ သွယ်ဆင်းလာကာ အဖြူရောင် T-shirt လေး၏ လည်ပင်းအဝိုင်းလေးတွင် စက်ဝန်းပုံ ရေကွက် လေး က တစ်ခု ဖြစ်ပေါ်လာစေ၏..။
ဤသည်မှာ သာမာန်ဆန်သော ပုံရိပ်တစ်ခုသာဖြစ်သော်လည်း ချင်ကဲ၏ ဇာတ်လိုက်ရောင်ဝါနှင့်ပေါင်း သွားသောအခါ အလွန်ပင် ဆွဲဆောင်မှု့ရှိသွားတော့၏..။

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...