CH - 63

2.9K 463 3
                                    

နေ့လယ်ပိုင်း ရောက်ခါနီးအချိန်တွင် ဘတ်စ်ကားကြီးသည်ကား ဟွားလင်ရွာ သို့ရောက်လေပြီ...

နှင်းကျသည်မှာလည်း ရပ်သွား​လေပြီ... အရင်နေ့က ကျသည့်နှင်းများပေါ်သို့ ထပ်၍ကျလာသည့် နှင်းများက ဖုံးအုပ်လိုက်ပြီ ဖြစ်လေရာ မြေပြင်တစ်ခုလုံး သည်ကား ပျော့ပျော့အိအိ နှင်းဖြူရောင် ချိုချဉ်ပုံကြီးနှင့် တူသွားလေပြီ...

လေယာဉ်ဆိုက်ရောက်ချိန်က ဝတ်ဆင်ခဲ့ကြသည့် အပေါ်ထပ်အနွေးထည်များ သည် ကား အရှေ့မြောက်ကျေးလက် ဒေသ၏ အအေးဒဏ်ကို မကာကွယ် နိုင်ကျတော့ပေ...

ရိုက်ကူးရေးအဖွဲ့မှ ထောက်ပံ့ပေးလာသည့် အနွေးထည်အထူကြီးများအား ဝတ်ဆင်လိုက်ကြပြီး ယနေ့ရိုက်ကူးရေးအတွက် ဒါရိုက်တာကြီး ကြေညာလာ မည့် အစီအစဉ်အား စောင့်ဆိုင်းနေကြတော့သည်..

သို့သော် ရိုက်ကူးရေးအဖွဲ့သည်ကား ပထမအကြိမ်ကဲ့သို့ ဂဏန်းသင်္ချာပုစ္ဆာမျိုး မေးမလာတော့ဘဲ နေ့လယ်စာ စားလို့ရပြီ ဖြစ်ကြောင်း ကြေညာလေတော့၏.

Guest များ၏ မျက်နှာများထက်တွင် နေရမည့်အိမ်ရွေးချယ်ရေးနှင့် ပတ်သက် ပြီး ချမှတ်မည့် ဥပဒေသ အပေါ် သိချင်စိတ်ဖြစ်နေပြီဟူသော အမူအယာများ ပေါ်လာကြလေရာ ဒါရိုက်တာကြီးက ထိုအရေးနှင့် ပတ်သက်ပြီး နောက်မှ ကြေညာပါမည်ဟု လျှို့ဝှက်ထားလေ၏...

ဘယ်လိုပင်ကြည့်ကြည့် မသင်္ကာစရာ အနံ့ရနေလေပြီ...

သို့သော် ဆာလောင်ခြင်းနှင့် အေးစက်ခြင်းဟူသည့် အခက်အခဲနှစ်မျိုးလုံးအား ရင်ဆိုင်နေကြရသည့် Guest များမှာ ကစားရမည့် ဂိမ်းများအကြောင်းအား နောက်ပို့ကာ ရွာထဲရှိ လယ်ယာစားသောက်ဆိုင်လေးဆီ ချီတက်သွားကြတော့ ၏...

နေ့လယ်စာသည်ကား လုကျင်ရိ ညွှန်းခဲ့သော ကြေးအိုးဖြင့် တည်ခင်းထား သည့် ပူပူနွေးနွေး ငါးစွပ်ပြုတ် ဖြစ်လေသည်...

ငါးစွပ်ပြုတ်အား ထင်းမီးကောင်းကောင်းဖြင့် ချက်ပြုတ်ထားသည် ဖြစ်လေရာ လေးလေးပင်ပင်နှင့် အရသာကောင်းလှပေသည်... ငါးနှင့် တိုဟူးများအား အတူတူခပ်ကာ ပါးစပ်ထဲအပြည့် ထည့်ချင်စိတ်ပေါက်စေသည့် ဟင်းပွဲမျိုး ဖြစ် သည်... အရသာမှာ တမူးထူးခြားသည်ဟု မဆိုနိုင်သော်ငြား နှင်းများ ဖုံးလွှမ်း နေသည့် ပတ်ဝန်းကျင်က ပြိုင်စံရှား အလှဖြင့် ဟင်း အရသာအား ထောက်ပံ့ ပေးနေသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now