CH - 48

3.9K 600 3
                                    


Nitizen များ၏ အတွေးထဲတွင် ချင်ကဲ၌ သူမှ လွဲ၍ အခြားသောသူများနှင့် တွဲပေးထား သည့် CP ရှိလိမ့်ဟု ရှောင်စုန့် တစ်ခါမှ မတွေးဘူးပေ။

"သိုင်းလောက လမ်းမများ" ရိုက်ကူးရေးသို့ သူ သွားရောက်စဉ်က ချိန်ကျားမင် တစ်ယောက် တည်း ပေါ်တွင်သာ သူအာရုံစိုက်ထားသည် ဖြစ်ရာ ဒုတိယ ဇာတ်လိုက် မင်းသား ကဲ့သို့သော အခြားသရုပ်ဆောင် များအပေါ် တစ်စက်ကလေးပင် ဂရုမထား မိခဲ့ပေ။

သို့သော် တခြားသူများအတွေးမှာမူ သူနှင့် တစ်ထပ်တည်း ကျရန် ဖြစ်နိုင်ပါ့မည်လား..?
စုန့်ယွင်ရန် ခမျာ weibo တစ်ခွင် လှည့်လှယ်ကာ စပ်စုရလေပြီ..

အသက်တစ်ရှိုက်စာအတွင်း အချက်အလက် အတော်တော်များများအား သူ သိလိုက် ရလေ၏....

ထို page များမှ ပြန်ထွက်လိုက်ကာ ချင်ကဲအား စကားဆိုလိုက်လေတော့သည်။

" နောက်ကျရင် တခြားလူတွေနဲ့ CP တွဲခံရလောက်တဲ့ အပြုအမူမျိုးတွေ မလုပ်မိအောင် သတိထားနေ....ဒီလို ကိစ္စတွေအပေါ် မှီခိုပြီး ရလာတဲ့ အကျိုးအမြတ်ဆိုတာ ကြာကြာခံတဲ့ အရာမဟုတ်ဘူး... နောက်ကျရင် ရလာမယ့် အကျိုးအမြတ်တွေ အပေါ်ကိုတောင် ထိခိုက်နိုင်တယ်..."

ချင်ကဲမှာ ကူကယ်ရာမဲ့သွားဟန်နှင့် ပြန်မေးလာလေသည်။
" ကျွန်တော် ဘယ်တုန်းက အဲ့လို လုပ်ဖူးလို့လဲဗျာ..?"

အရင်ဘဝ တွင်သာမက ယခု ဘဝတွင်ပါ ချင်ကဲ သည် အောင်မြင် ကျော်ကြားလာစေရန် အတွက် တစ်ပါးသူ၏ ရောင်ဝါကို မှီခိုခဲ့သည့် ကိစ္စမျိုး မရှိခဲ့ပေ။

CP များနှင့် စန်းတင်ကာ အောင်မြင် ကျော်ကြားလာအောင်လည်း မလုပ်ဘူးချေ။

Netizen များက သူတို့ဘာသာစိတ်ကူးယဥ်ကာ အမျိုးမျိုးဆိုကြသော်ငြား ချင်ကဲသည် ထိုလှိုင်းမျိုး ဖြစ်စေရန် တကူးတက လုပ်သည်မျိုး မရှိခဲ့။ တစ်ကိုယ်တည်းသာ ကိုယ်ပိုင်အရည်အချင်း ဖြင့်ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

စုန့်ယွင်ရန်သည်လည်း ထိုကိစ္စအား တွေးမိလိုက်သည်ဖြစ်ရာ စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး " အဲဒါပဲ ကောင်းတယ်..ဒီလိုမျိုး အစကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားတော့ ကုမ္ပဏီက လိုက်ပြီးရှင်းရလင်းရတဲ့ အရှုပ်အရှင်း ကိစ္စတွေ နည်းသွားတာပေါ့။နောက်ပိုင်း ခင်ဗျားဘယ်လောက်တောင်ကျော်ကြားလာမယ်ဆိုတာကို သိပြီးသားပဲ မဟုတ်လား...အဲ့အချိန်ကျရင် ခင်ဗျားမအောင်မြင်ခင်ကတည်းက ခင်ခဲ့ကြတာပါတို့ ဘာဖြစ်ခဲ့ကြတာပါတို့ ပြောပြီး ခင်ဗျားကျော်ကြားမှုကို ခိုစီးချင်ကြတဲ့ တခြားကုမ္ပဏီလူတွေမှ ပေါသောနေတော့မှာ... ဒီ ပါးပါးက ကိုယ့်ကလေးကို မြှောက်စားဖို့သာ ဝန်မလေးတာ...တခြားလူတွေရဲ့ကလေးကို စင်တင်ပေးဖို့ကတော့ တာ့တာပဲ"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now