တိုက်မိလိုက်သောအသံမှာ အလွန်ကျယ်၏...
ဧည့်ကြို တံခါးစောင့်လေးက တံခါးအားအမြန် ထိန်းထားလိုက်ရပြီး...
စုန့်ယွင်ရန် နောက်မှ ကပ်ရပ်ပါလာသူ စန်းရီရိကား အော်မိမတတ်ဖြစ်သွားရှာရတော့သည်...
သူ့ရှေ့သို့ အမြန်လျှောက်လာကာ " ရှင် အဆင်ပြေရဲ့လား...?"ဟု မေးလိုက်တော့သည်…
သူ၏ ဥက္ကဌပုံရိပ်ကြောင့်သာ မဟုတ်လျှင် စုန့်ယွင်ရန် တစ်ယောက် အာပြဲကြီးဖြင့် အော်ငို ပြီးလေပြီ...
သို့သော် ယခုတွင်ကား...
သူ၏နာနေသော နဖူးအား အသာအယာ
အုပ်ကာ " သိပ်တော့မနာပါဘူး ...အတိတ်မေ့သွားရုံလောက်လေးပါ..."စန်းရီရိ ခမျာ အလန့်တကြား ဖြစ်သွားရှာသည်...
စုန့်ယွင်ရန် နှင့် အဆက်အသွယ်ရရန် သူမ ၏ သူငယ်ချင်းတစ်ယောက်အား အထူးတလည် အကူအညီတောင်းကာ ဖုန်းနံပါတ် တောင်းခဲ့ပြီး သူ၏ ပြောင်မြောက်လှသော အင်တာဗျူး အဖြေအတွက် ကျေးဇူးတင်သည့် အနေဖြင့် ညစာဖိတ်ကျွေးခြင်း ဖြစ်သည်...
မျှော်လင့်မထားဘဲ စားသောက်ဆိုင်အတွင်းသို့ မဝင်မှီပင် စုန့်ယွင်ရန်မှာ ဒါဏ်ရာ အနာတရဖြစ်ရလေပြီ...
စန်းရီရိက ခေါင်းအား ဘယ်ညာ လှည့်ကာ
ကြည့်ပြီးသည့်တိုင် အံသြစိတ်မပြေ ...
" သူဘာလို့ ဒီတံခါး အကြီးကြီးတောင် မမြင်လိုက်တာပါလိမ့်..."သူမ၏ အကြည့်အား တံခါးဆီမှ ပြန်မသိမ်းရသေးမှီ တံခါးမှန်ပြင်မှာ ပင့်ကူအိမ်သဏ္ဍာန်
အက်ရာများ ထင်လာတော့သည်..."......"
လူတိုင်းက စုန့်ယွင်ရန်အား အထင်ကြီးသော မျက်လုံးများဖြင့် ဝိုင်းကြည့်ကြလေပြီ...
"သံမဏိခေါင်း ပိုင်ရှင် အလှလေးကိုး..."စုန့်ယွင်ရန်သည် ထိုအက်ရာကြီးအား မြင်လိုက်ပြီးနောက် မျက်နှာလေးမှာ ဖြူ ဖျော့ သွားရှာလေ၏..
"ဒီလောင်ဇီက တစ်ခါသေပြီးသားလေ...
ဒီတစ်ခါတာ့ ဦးနှောက်သွေးယိုပြီး မသေချင်တော့ဘူးလို့...""မြန်မြန် မြန်မြန်လေး...ကျွန်တော့်ကို ဆေးရုံပို့ပေးကြပါတော့...!!"
![](https://img.wattpad.com/cover/302314762-288-k335260.jpg)
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...