ရမ္မက်မပါသည့် ထိကပ်ရုံ အနမ်းလေးသာ ဖြစ်သော်ငြား အရှက်သည်းသည့် ရှောင်စုန့်လေး ၏ နားသံသီးလေးမှ တဆင့် လည်တိုင်လေးထက်..ထိုမှတဖန် တစ်ကိုယ်လုံးသို့ အနီရင့်ရောင်လေး ပျံ့နှံ့ကာ အခွံချွတ်ထားသည့် ပုဇွန်လေး နှယ် ရဲတွတ်လာတော့၏...
ခေါင်းထဲတွင်လည်း အချက်ပေးသံ မြည်လာလေပြီ...
မတော်တဆ ထိမိသွားတာများလား...?
အတွေးများ ဂယောက်ဂယက် ဖြစ်နေသော်ငြား နှုတ်ခမ်းလေးအား သပ်ကြည့် လိုက်ချိန်တွင် နှုတ်ခမ်းပါးထက်က ချိုမြိန်မှု့က မူ လူအများအပြားအား ဆွဲဆောင်နိုင်သည့် ချိုမြလှသည့် သကြားအိုးကြီး မှောက်ကျထားသည့် သဖွယ် အချိုဓါတ်လေးကဲနေလေ၏...
ပြုတ်ကျတော့မတတ် ခုန်နေသည့် နှလုံးခုန်သံကလည်း ရှောင်စုန့်အား ဆွံ့အသွားသည့်တိုင်အောင် အံ့အားသင့်စေ၏...
ချင်ကဲသည်လည်း ရင်ဘတ်ထဲက ခုန်ထွက်တော့မည့် နှလုံးခုန်သံအား ပိုင်ဆိုင်ထားသော်ငြား သရုပ်ဆောင် ကောင်းလွန်းသည့် ကောင်းကင် သားတော် ဖြစ်လေရာ အပြင်ဘက်တွင် တည်ငြိမ်သည့် အမူအယာအား ထိန်းထားနိုင်သေး၏..
ဆိုဖာဘေးတွေင် ဆောင့်ကြောင့်လေး ထိုင်နေသည့် ရှောင်စုန့်လေးအား ငုံ့ကြည့်ကာ လက်အားဆန့်ထုတ်လိုက်ပြီး ရှောင်စုန့်၏ ခေါင်းပွပွလေးအား ပွတ်ပေးလိုက်၏...
"လန့်သွားလားဟင်..?"
စုန့်ယွင်ရန် ဖြည်းဖြည်းချင်း တုန့်ပြန်လာ၏...
စက္ကန့်အချို့ အသံတိတ်နေပြီးမှ ခေါင်းလေးအား ခါယမ်းပြကာ " မင်း ငါ့ကို မတော်တဆ နမ်းလိုက်မိတာ ထင်တယ်..."
"...." ချင်ကဲ နူးညံ့လှသည့် အပြုံးလေးဖြင့် " ကိုယ်က အဲ့လောက် နမော်နမဲ့ နိုင်တဲ့လူမှ မဟုတ်တာကွာ... နမ်းချင်လွန်းလို့ အကြင်နာခြွေမိတာပါ..."
" အိုး... အလေးအနက်ထားပြီး ပေးတဲ့ အနမ်းကိုး... အဲ့လိုဆို အဆင်ပြေပါ တယ်လေ..."
ဂယောက်ဂယက်ဖြစ်နေသည့် စိတ်လေးဖြင့် စုန့်ယွင်ရန် ထရပ်လိုက်ပြီး သူ အရင်က တွေးထားသည့် အတိုင်း လသာဆောင် ဆီသွား ထသွားတော့၏..

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...