စုန့်ယွင်ရန်၏ ခြိမ်းခြောက်မှု့များ ဖျားယောင်းမှု့များကြောင့် ဒါရိုက်တာကြီး ခမျာ သူတို့နှစ်ယောက်၏ ဆွေးနွေးချက်များအတိုင်းရိုက်ကူး ဖြတ်တောက် ပေးပါ့မည်ဟု နောက်ဆုံးတွင် ကတိပေးလိုက်ရလေသည်...
Choreographer အစ်မအား စိုက်ကြည့်ပြီး ကင်မရာ၏ ရှေ့၌ပင် ကင်မရာအား မပိတ်စေဘဲ ကတိပေး စကား ဆိုလိုက်၏....
ဆယ်မိနစ်ကြာပြီးနောက် စုန့်ယွင်ရန်နှင့် ချင်ကဲ တို့၏ ဂိမ်းစကား ပွဲအား အဆုံးသတ်လိုက်ကာ တစ်နေ့တာ ပရိုဂရမ် ရိုက်ကူးရေးအား တရားဝင် အဆုံးသတ်လိုက်တော့၏...
အိပ်ခန်းဆီသို့ ပြန်ရောက်ချိန်တွင် ပြတင်းပေါက် အကွဲလေးအား သတင်းစာ စက္ကူစ အချို့နှင့် ကာထားပြီး ဖြစ်သည်...
စုန့်ယွင်ရန်သည် အိပ်ယာထက်တွင် လှဲလျောင်းရင်း စတိုခန်းအတွင်းမှ ရှက်စရာ အဖြစ်အပျက်များအား ပြန်မြင်ယောင်မိကာ နံရံအား ဒေါသတကြီး ရိုက်လေတော့၏...
နံရံထက်မှ အချိန်ကာလ ရွေ့လျားမှု့ကြောင့် ဖြစ်တည်လာသည့် အဖြူရောင် အမှုန်စများ ကျလာကာ ရှောင်စုန့်၏ မျက်နှာလေးထက် ပေါင်ဒါ ဖြူးပေး လေတော့သည်...
"..."
စုန့်ယွင်ရန် ပို၍ ဒေါသထွက်လာလေတော့သည်...
သူ၏ အပြင်ဘက်ဘေးတွင် အိပ်နေသည့် ချင်ကဲ အား ကျော်ကာ မျက်နှာ သုတ်ပုဝါ လှမ်းယူလိုက်ပြီး မျက်နှာထက်မှ အဖြူရောင် အမှုန်စများအား သုတ်လိုက်လေတော့၏...
အိပ်ယာထက်ပြန်လှဲကာ ဒေါသတကြီး ညည်းညူလေတော့သည်...
"နောက် ဘယ်တော့မှ စန်းရီရိနဲ့ လက်တွဲပြီး အလုပ်မလုပ်တော့ဘူး..."
ချင်ကဲသည် အိပ်ယာဘေးမှာ မီးအိမ်အား ပိတ်လိုက်ကာ " သူက ဥက္ကဌလေး အဲ့ စတိုခန်းထဲ ဝင်မယ်ဆိုတာကို မျှော်လင့်မထားမိလို့နေမှာပါ...ပြီးတော့ ရင်းနှီးမြှုပ်နှံသူ တစ်ယောက်အနေနဲ့ဆို ဒီလို လှည့်ကွက်လေး ထည့်လို့ ရတယ်ဆိုပြီးပဲ အကြံပေးလို့ရမှာလေ... အသေးစိတ် ကိစ္စတွေကိုတော့ ပရိုဂရမ် ကုမ္ပဏီ ကပဲ စီစဉ်မှာပေါ့.."

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...