CH- 26.2

5.3K 837 6
                                    

အိမ်ထိန်းအန်တီ၏ မျက်လုံးများမှာလည်း အလင်းအလျင်ရှိ၏...သူမမမြင်ရေးအတွက် ချက်ခြင်းပင် တစ်သျှူးအချို့ယူကာ ပေကျံသွားသည်များအားသူ မြန်မြန်ပြန် သုတ်ကာရှင်းလိုက်လေတော့သည်...
ထို့နောက် တွေတွေကြီးရပ်ကာ လွန်ခဲ့သော လများက ဖြစ်ခဲ့သည့် ကိစ္စရပ်များအား ပြန်လည်တွေးတော လေတော့သည်...

သူ ရိုက်ကွင်းတွင် နိုးလာချိန်၌ သူ့ကိ်ုယ်ပေါ်တွင် စောင်ပါးတစ်ထည်ရှိနေခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိလေသည်...

ထို အချိန်က သူ့အား ဂရုပြုမိသော ရိုက်ကူးရေးဝန်ထမ်း တစ်ယောက်က ဂရုတစိုက်နှင့် စောင်ခြုံပေးထားသည်ဟု သူထင်ခဲ့မိသည်...

ဘယ်လိုလုပ်ပြီး ငါ့ကို ဂရုတစိုက်နဲ့ စောင်လာခြုံ ပေးတဲ့လူက ချင်ကဲဖြစ်သွားတာပါလိမ့်...?

ချင်ကဲ သူ့အား စောင်လာခြုံပေးသည့်ကိစ္စအားအရင် အချိန်များကဆိုလျင် မြင်မြင်ခြင်းပင် ချင်ကဲက သူ့ အဖေ ဖြစ်မည့်သူ၏ အရောင်အဝါအား ခံစားမိကာ သူ့အားသားသမီး ဝတ္တရားကျေကြောင်း ပြနိုင်ရန်အတွက် ဖော်လံဖားကာ စောင် လာခြုံပေးခြင်းဖြစ်မည် ဟု သူထင်ပေလိမ့်မည်...

သို့ရာတွင် စုန့်ယွင်ရန်သည်ကား စာတတ်သွားချေပြီ...

ချင်ကဲ ၏ အတွင်းစိတ်ထဲရှိ ဝံပုလွေ ဝိဉာဉ်အား ဖောက်ထွင်းမြင်ခဲ့လေပြီ...ချင်ကဲ သူ့အပေါ်ထားသည့် ခံစားချက်အမှန်အားလည်း သိသွားခဲ့ပြီးလေပြီ...

ချင်ကဲ သူ့အပေါ် ပြုမူသည့် အပြုအမူအားလုံးအား အမြင်သစ်တစ်မျိုးနှင့် ကြည့်မြင်တော့လေသည်...

အဲ့အချိန်တုန်းက ရိုက်ကူးရေးမှာ ဘယ်လောက်အလုပ်များနေမှန်း ဘယ်သူက မသိလို့တုန်း...

လူတိုင်းက ရိုက်နေတဲ့ ဇာတ်လမ်းပေါ်ဘဲ အာရုံထားနေကြတာ...

ခေါင်းဆောင်နေရာက သရုပ်ဆောင်နေရတဲ့ ချင်ကဲဆိုရင် တခြားလူကို အာရုံစိုက်ဖို့အချိန် ဘယ်ရှိလိမ့်မတုန်း...?

ချင်ကဲက ငါ့ကို မြင်မြင်ခြင်းများ ချစ်သွားတာများ ဖြစ်နေလေမလား...?!!

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now