Ch-2 Unicode

8.5K 1K 28
                                    

နေ့လည်စာ စားပြီးနောက် စုန့်ယွင်ရန် တစ်ယောက် ရုံးခန်းအတွင်း ဂိမ်းဆော့ကာ အချိန် ဖြုန်းနေလေသည်။ များ မကြာမီ ပျင်းရိလာတော့လေသည်။

ထို့နောက် လက်ထောက်တန်အား ခေါ်၍ " သေချာပြန်ကြည့်ပါဦး။ကျွန်တော်ကြည့်စရာ စာရွက်စာတမ်းလေး တစ်ခုတောင် မရှိဘူးလား" ဟု မေးလိုက်လေတော့သည်။

"အခုထိတော့မရှိသေးဘူး။ဒါပေမဲ့ နေလည်ပိုင်းမှာ ရင်းနှီးမြှုပ်နှံရေး လုပ်ဖို့ ကိစ္စ နဲ့ ပက်သက်ပြီးတော့ အစည်းအဝေး တစ်ခုရှိတယ်" ဟု တွေးတွေးဆဆနှင့် ဖြေလေသည်။

ဤသည်မှာ စုန့်ယွင်ရန် စောင့်ဆိုင်းနေသော အလုပ်ကိစ္စ ဖြစ်သဖြင့် "ဒီလို ကိစ္စကောင်း ရှိတာများ စောစောကတော့ မပြောဘူး" ဟု ချက်ချင်းမတ်တတ်ထရပ်ကာ ဆိုလေတော့သည်။

စောစောမပြောတော့ အကျိုးမရှိဘဲ အချိန်နှစ်နာရီ လောက် အလဟသ ဖြစ်ရသွားပြီ။

လက်ထောက်တန် တစ်ယောက် " မစ္စတာစုန့်၊ ဒီအစည်းအဝေး ကို ဥက္ကဌ သွားမတက်တာ ကောင်းမယ် ထင်တယ်" ဟု အလျင်အမြန်ဟန့်တားလိုက်သည်။

"ဘာလို့လဲ"

စုန့်ယွင်ရန် အနည်းငယ် စိတ်ညစ်သွားလေတော့သည်။ဘာကြောင့် သူ့လို ဂုဏ်ယူဖွယ်ရာ ဥက္ကဌ တစ်ယောက်က အစည်းအဝေးသွားမတက်ရမှာလဲလို့???။

လက်ထောက်တန် မှာ သူ့ရွှေကိုင်းမျက်မှန်လေးအားတွန်းတင်လိုက်ပြီး "ဒီနေ့အစည်းအဝေးရဲ့ အဓိကထား ဆွေးနွေးမှာက နောက်ထပ် ရင်းနှီးမြှုပ်နှံမဲ့ကိစ္စ ။ကုမ္ပဏီအတွက် အတော်လေး အရေးကြီး တယ်။ဥက္ကဌက အခုမှ အလုပ်စဝင်တာလေ။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေနဲ့ အရင်အလုပ်စလိုက်တာ က ပိုကောင်းမယ်ထင်တယ်" ဟု ဆိုလိုက်လေသည်။

စုန့်ယွင်ရန်မှာ လက်ထောက်တန် ပြောချင်သည့် အဓိပ္ပါယ်အား အပြည့်အဝ နားလည်လေသည်။

ဆိုလိုသည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေက သူ့အတွက်ခက်လွန်းတယ်။တကယ်လို့ ကုမ္ပဏီ အတွက် သူ့ရဲ့ခေါင်းဆောင်မှု စွမ်းရည်ပြချင်တယ်ဆိုရင် လုပ်ငန်းသေးသေးတွေကို ဆုံးဖြတ်ပေးရင်ရပြီ။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now