"Happy and White" ဇာတ်ကားတွင်
ရိုက်ကူးရေး ဝန်ထမ်း အယောက် ၃၀ ရှိ၏။
ဂလက်ဆီထံမှ ရင်းနှီးမြှပ်နှံငွေ သန်း ၂၀ ရရှိသော် ငြား လိုအပ်သော နေရာများ၌သာ ငွေကို သေချာစွာ စိစစ်သုံး စွဲကြသည်။လက်မဖွာကြ။ရိုက်ကူးရေး အောင်ပွဲအတွက် ကျင်းပသော
စားသောက်ပွဲအတွက်ပင် မြို့ခံများ ရောင်းချသည့်
မိသားစု စားသောက်ဆိုင်၌ကျင်းပလေ၏။
.
လူ ၃၀ စာ ကြိုတင်ဘိုကင် ယူထားသည့်အတွက် စားသောက်ဆိုင်ပိုင်ရှင်က ခုံများအား ဆက်ကာ စားပွဲရှည် နှစ်လုံးပြင်ဆင်ထားသည်။
ထိုမြင်ကွင်းသည် ဟယ်ရီပေါ်တာ ဇာတ်ကားမှ ဇာတ်ဝင်ခန်းနှင့်ပင် ဆင်နေလေ၏။
စားသောက်ပွဲ တစ်ခုလုံးအား သဟဇာတဖြစ်နေသော လေထုက ဝိုင်းရံထားလေသည်။စုန့်ယွင်ရန်တို့ လူစုသည် အခြားသူများထက်
နောက်ကျမှ ရောက်လာကြသဖြင့် အဓိက စားပွဲတွင် သူတို့၃ ယောက်အတွက် ထိုင်စရာနေရာ ၃ ခုသာ ကျန်လေတော့၏။ကပ်လျှက်ရှိသော ထိုင်ခုံနှစ်ခု မှာ သူနှင့်
လက်ထောက်တန်အတွက် ချန်ထားဟန်ရှိပြီး
အခြားနေရာတစ်ခုရှိခုံမှာ ချင်ကဲနေရာ ဖြစ်မည်။ဤသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော နေရာစီစဉ်မှု့ 
ဖြစ်သဖြင့် စုန့်ယွင်ရန်အတွက် ဤထိုင်ခုံ အနေ
အထားများက ပြဿ နာမရှိ။သူ မထင်ထားသည်မှာ လက်ထောက်တန်သည်
ချင်ကဲအတွက် စီစဉ်ထားသော ခုံနေရာတွင်
ဝင်ထိုင်လိုက်ကာ သူ့တို့နှစ်ဦးအားမျက်စိမှေးပြပြီး
အထာကြီးနှင့် ကြည့်လိုက်ခြင်းပင်။စုန့်ယွင်ရန် :" ? "
ချင်ကဲ : "?"
စုန့်ယွင်ရန်နှင့် ချင်ကဲသည် နားမလည်သော
မျက်ဝန်းကိုယ်စီနှင့် အကြည့်ခြင်းဆုံ သွားသည်။
နောက်ဆုံးတွင် ဇဝေဇဝါနှင့်ပင် ကပ်လျှက်ရှိသော ထိုင်ခုံနှစ်ခုတွင်ထိုင် အတူတူထိုင်လိုက်ရတော့သည်။လူစုံသည်နှင့် တပြိုင်နက် စားသောက်ဆိုင်
ပိုင်ရှင်က စားပွဲထိုးများအား စားစရာများ ချခိုင်း
တော့၏။မကြာမီ အချိန်အတွင်းပင် စားပွဲနှစ်ခုလုံး အရသာ ရှိသော အိမ်ချက်ဟင်းပွဲများနှင့် ပြည့်သွားလေပြီ။

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...