ရိုက်ကူးရေးပြီးသည့် ညနေခင်းပိုင်း။
ဂလက်ဆီ အင်တာတိန်းမန့်၏ တရားဝင် စာမျက်နှာမှ သူတို့ကုမ္ပဏီ က ရင်းနှီးမြှပ်နှံထားသည့် “Happy And White” ဇာတ်ကားအားရိုက်ကူး ပြီးစီးသွားပြီ ဖြစ်ကြောင်း ကြေငြာလိုက်၏။
ထိုကြော်ငြာတွင် ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း ဝန်ထမ်းများရိုက်ထားသည့် Behind the sence ပုံ အချို့နှင့် ရိုက်ကူးရေး နောက်ဆုံးနေ့မှ ဓါတ်ပုံများ ပါဝင်လေသည်။
ဖိန်ကျိုးစာချုပ်ကိစ္စကြောင့် ဝရုန်းသုန်းကားဖြစ်သွားသော ဂလက်စီ အင်တာတိန်းမန့်၏ သတင်း ငြိမ်သက်သွားသည်မှာ တစ်ပတ်ခန့် ရှိလေပြီ။
အနုပညာလောက ၏ သဘာဝအတိုင်း နာမည်ကြီး သတင်းခေါင်းစဉ်များ အချိန်တိုင်း ပြောင်းလဲနေ သော်လည်း အင်တာနက်သုံးစွဲသူ လူထုကြီးမှာ ဂလက်ဆီ၏ အမိုက်စား သတင်းထုတ်စတိုင်ကြောင့် သူ၏ သတင်းများအား နားစွင့်နေကြဆဲပင်။
တရားဝင်စာမျက်နှာမှ သတင်းတင်လိုက်သည်နှင့် netizens များ အပြေးရောက်လာကာ ဆွေးနွေးကြ လေတော့သည်။
[ ဒါရိုက်တာကနေ ခေါင်းဆောင်မင်းသားအထိ ငါသိတဲ့လူလည်း တစ်ယောက်မှလည်း မပါဘူး။ Ning Dong တော့ အနုပညာလောကထဲ ခြေချမှဘဲ အရှက်ကွဲ အကျိုးနည်း ဖြစ်တော့မယ် ထင်တယ်။]
[ အိုး အဲ့ဒါရိုက်တာက အရင်ကဆို အနုပညာစစ်စစ် ကားတွေဘဲ ရိုက်တယ်လို့ နာမည်ကြီး တဲ့ လူမလား။ ဒီတစ်ခါမှ စီးပွားဖြစ် ဇာတ်ကား စရိုက်တာ ပထမဆုံး ။စောင့်တော့ ကြည့်ရဦးမှာဘဲ။]
[ ဟီးဟီး။ တို့ကတော့ ဘာတွေမှ ထပ်မမျှော်လင့်နိုင်တော့ဘူး။ ရင်အခုန်လွန်ပြီး နတ်ပြည်တက်သွား ပါပြီ။ နှုတ်ဆက်ခဲ့တယ်နော် ဘိုင့်ရီး။][အပေါ်ကလူရေ ရင်အခုန်လွန်ရတဲ့ အကြောင်းပြချက်လေးတော့ လင်းခဲ့ဦး။အိုး ရှပ်အင်္ကျီအနက်ရောင် လေး။အား အား အား။ချောလိုက်တာ ။ အာ့လေး ဘူလေး လဲဟင်။ မီ့ ကောင်လေး လေးများလား ။ ၃ မိနစ်အတွင်း အဲ့ ကောင်ချောလေး အကြောင်းသိချင်ပါတယ်။ ဆက်သွယ်ရန် blah blah ……]
(အိုး။ ကောင်လေးအသစ်ရသွား ပြန်ပြီပေါ့ အပေါ်ကလူရေ။ ယူက သိပ်သိပ် အပြောင်းအလဲ မြန်တာဘဲ နော်။ ရုပ်ချောတဲ့လူပါတာနဲ့ ကြည့်ကောင်းတဲ့ ဇာတ်ကား မဖြစ်ဘူးဆိုတာ သိသင့်။ ဒါပေမဲ့ ဒီကောင်ချော လေးကိုတော့ ဒီမမကဘဲ အနစ်နာခံပြီး ယောက်ျားမှတ်မှတ် ပေါင်းလိုက်ပါ့မယ်။ မောင်လေးရေ မမရင်ခွင်ထဲကို ခြေစုံပစ်ဝင်ခဲ့တော့။]

ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...