အဖြစ်အပျက်အစအဆုံး ၁၀ မိနစ်ပင်မကြာလိုက် နှစ်ဦးသား ပျော်ပျော်ကြီးပင် သဘောတူညီချက်
ရသွားလေပြီ။"အဲ့တာဆို ဒါကအတည်ဖြစ်သွားပြီနော်။"
စုန့်ယွင်ရန်သည် စိတ်သက်သာရရသွားဟန်ဖြင့် သက်ပြင်းရှည် တစ်ချက်မှုတ်ထုတ်လိုက်ပြီး
တိုက်တွန်းစကားဆိုလေတော့၏။"စတူရီယို ကို မြန်မြန်ပြန်ကြစို့ ။ရိုက်ကူးရေး
ဝန်ထမ်းတွေက စားပွဲသောက်ပွဲ သွားဖိုပြင်နေကြတာ သွားတောင်သွားကြလာက်ပြီ။ ဒီနားဆက်နေလို့ ဘာမှ အကျိုး မရှိဘူး။အချိန်ကုန်တာဘဲ အဖတ်တင်မှာ။သွားစို့ ။သွားစို့။"ချင်ကဲ ခေါင်းငြိမ့်လိုက်ပြီး "အင်း ဟုတ်တယ်။
သွားကြမယ်လေ။"ကျောက်စီယူသည် အဖြစ်အပျက်အစအဆုံးအား ကြောင်တောင်တောင် နှင့် ကြက်သေသေကာ
ကြည့်နေမိလေသည်။( ဟေ့ ဟေ့။ ငါက မင်းတို့ရှေ့မှာ လူအကောင်လုံးလိုက်ကြီး ရပ်နေတာပါ။ ငါ့ကို တစ်ယောက်
လောက်တော့ အဖက်လုပ်ကြပါဦးဟ။)ထိုစကားအား သူထုတ်ပြောလျှင်ပင် ကောင်ချော
လေးနှစ်ဦးမှာ ဂရုစိုက်မည် မဟုတ်။
လူချောလေး နှစ်ဦးမှာ သူ့အား လှည့်၍ပင်မကြည့်
ဖုတ်ဖတ်ခါကာ ထွက်သွားကြ၏။စုန့်ယွင်ရန်သည် မူလက ကျောက်စီယူ၏ အတင်းအဖျင်း စကားများနှင့် အရင်ဘဝမှ လုပ်ရပ်များ
အပေါ် လက်စားချေရန် ဆန္ဒ ရှိသော်ငြား ယခုအ
ချိန်တွင်မူ ချင်ကဲ ခွေးဘဝ ရောက်မည့် အခြေ
အနေမှ ကယ်တင်နိုင်ရေးကိုသာ အလေးထား
တော့သည်။ယခုတွင် သူ၏ အကြံအစည် အောင်မြင်ထ
မြောက်ခဲ့ပြီ ဖြစ်၍ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေပြီး
လက်စားချေရေးကိစ္စအား မေ့ပျောက်သွားတော့
၏။မည်သို့သော အဖြစ်အပျက်များ ဖြစ်သွားသည်ကို ကျောက်စီယူ သဘောမပေါက်လိုက်သော်ငြား
စိတ်ဓါတ်များသာ တဖုန်းဖုန်းကျနေခဲ့ရတော့သည်။
(ချင်ကဲ မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ။မင်း
ဒုက္ခတွေ့မှ ငါ့အပြစ်မပြောနဲ့။မင်း ဒုက္ခ ရောက်ကို ရောက် စေရမယ်။)

BINABASA MO ANG
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...