ရိုက်ကွင်းတွင် အခြားကုမ္ပဏီမှ ဝန်ထမ်းများလည်း ရှိနေသည်ဖြစ်ရာ စုန့်ယွင်ရန်သည်
ဥက္ကဌ တစ်ယောက်က သူ့ဝန်ထမ်းအပေါ် ပေးသည့် မှတ်ချက်အား ထိုနေရာ တွင်သာ
ရပ်ထားလိုက်တော့၏..မိုးကာတဲ ရှိရာသို့ပြန်ရောက်လာချိန်တွင် ချင်ကဲသည် ပါဆယ်အိတ်ထဲမှ နောက်ဆုံးလက်ကျန် milk tea နှစ်ခွက်အား ထုတ်နေလေသည်..သူပြန်လာသည်ကို မြင်သည်နှင့် milk tea တစ်ခွက်အား ကမ်းပေးလိုက်တော့၏..?
Milk Tea သည်ကား ထူးထူးခြားခြားဖြစ်မနေ..သာမာန်အရသာရှိလေသည်..
ရှောင်ခယ့် သည် milk tea ထဲတွင် ရေခဲများများ ထည့်ခိုင်းခဲ့သည်ဖြစ်ရာ အေးစက်စက် milk tea အရသာ က အဝတ်လဲခန်းထဲတွင် ခံစား ခဲ့ရသည့် အပူဒါဏ်အား သက်သာစေသွားသည်..
(T/N - ဈေးချိုအောင် ကြံခဲ့ဆိုတာနဲ့ တစ်ခွက်စာ ရေခဲများများ ထည့်ခိုင်းပြီး နှစ်ခွက်ဖြစ် အောင်ပွားလာတာဖြစ်ရမယ်..🙃🙃)ချန်ကျင်းထံမှ ချင်ကဲအား " အဆင်ပြေရဲ့လား.?" ဟု မေးသံ ကြားလိုက်သောအခါ စုန့်ယွင်ရန် နားကလေးမှာ ထောင်ခနဲ့ ဖြစ်လာကာ ဒေါသဗုံးအား စနက်တံ ဖြုတ်ရန် အသင့်ပြင်ထားတော့သည်...
"ဟမ်.?"
ချင်ကဲသည် အဘယ့်ကြောင့် ဤ မေးခွန်းမေးခံရသည်မသိ.ချန်ကျင်သည် လေသံပျော့ပျော့ဖြင့်
" ရှောင်စုန့်က မင်းနဲ့ သီးသန့် ပြောစရာ ရှိနေတယ်ဆိုပြီး လက်ထောက်တန်က ခုဏက ပြောတယ်..အလုပ်မှာ ပြဿ နာရှိနေလို့ မင်းကို ဆူမလို့ ခေါ်တာမဟုတ်ဘူးလား...?မင်း အမရဲ့ အကူအညီလိုသေးလား..?"ချင်ကဲခမျာ ကြောင်တောင်တောင်ဖြစ်နေရှာ၏..
ချန်ကျင်းဆိုလိုသည့် စကားအဓိပ္ပါယ်အား သူအခုထိ နားမလည်နိုင်သေး..
လှို့ဝှက်သည်းဖို ဇာတ်ကားကြည့်နေရသကဲ့ အဖြေရရေး ဦးနှောက်သုံးနေတော့လေသည်စုန့်ယွင်ရန်၏ မျက်ခွံများ ဆတ်ခနဲ ဆတ်ခနဲ
ဖြစ်လာ၏..လက်ထောက်တန်၏ အတွေးချော်မှု့ကြောင့် ဒုက္ခရောက်ခဲ့သည့် ကိစ္စအား မကျေနပ်သေးသော်လည်း..သူ့လက်ထောက်တန်အား အခြားသူများက အတွေးခေါင်သူ..ထင်ရာမြင်ရာ လုပ်တတ်သူ..Fudanshi တစ်ယောက် ဟု မသိစေလို..

STAI LEGGENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Storie d'amoreပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...